ရှေ့သို့
Image

ချဲလ်ဆီးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ လူကာကူ အင်တာမီလန်ကို ပြန်ဖို့ ပြင်ဆင်နေ

10:28 AM, 27 April

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်ကိုပြန်ဖို့ ပြင်ဆင်နေပြီး လစာတဝက်လောက်တော့ လျော့ယူရဖွယ်ရှိနေပါတယ်။

အသက် ၂၈ နှစ်သားဟာ  ချဲလ်ဆီးကိုပြောင်းပြီး ၄ လအကြာမှာပဲ စီးရီးအေချန်ပီယံထံ ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ အင်တာမီလန် အသင်းဖော်တွေနဲ့ ဗီဒီယိုကောပြောခဲ့တယ်လို့ သိရပြီး အီတလီမြေကို ပြန်ဖွယ်ရှိနေပါတယ်။

အင်တာမီလန်ကတော့ လူကာကူ ပြန်လည်ခေါ်ယူမယ့်အခြေအနေကို ငြင်းဆန်ထားကာ ဆန်စီရိုကိုပြန်ချင်တယ်ဆိုရင် လစာတဝက်လောက် လျော့ယူရဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးမှာတုန်းက သူဟာ တစ်ပတ်လုပ်ခပေါင် ၃၂၅၀၀၀ လောက်ရရှိနေပြီး အင်တာမီလန်ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လစာလျော့ယူရဖွယ်ရှိနေတာဖြစ်ပါတယ်။

သတင်းတွေအရ လူကာကူတစ်ယောက် အင်တာမီလန်ပြန်မယ်ဆိုရင် တစ်နှစ်လုပ်ခပေါင် ၅.၅ သန်းသာ ရရှိဖွယ်ရှိနေပါတယ်။  အဆိုပါလုပ်ခလစာဟာ ယခင်ပေါင် ၇.၄ သန်းထက်တော့ လျော့နည်းနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်အတွက် အဟန့်အတားက ချဲလ်ဆီးက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ချဲလ်ဆီးက ခေါ်ယူခဲ့တဲ့တန်ကြေး ပေါင် ၉၇.၅ သန်းအတိုင်း လိုချင်နေပါတယ်။

ပီအက်စ်ဂျီကလည်း လူကာကူကို ခေါ်ယူချင်နေပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတောင် ပြုလုပ်ထားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #လူကာကူ