ရှေ့သို့
Image

ဇွန်လ အာဂျင်တီးနားနဲ့ ပွဲပြီးရင် အီတလီကစားသမားဘ၀မှ အနားယူတော့မယ့် ချီရယ်လီနီ

1:13 PM, 26 April

အီတလီအသင်းခေါင်းဆောင်ချီရယ်လီနီကတော့ လာမယ့်နွေရာသီ ဝင်ဘာလေကွင်းမှာ အာဂျင်တီးနားနဲ့ ကန်ပြီးရင်တော့ နိုင်ငံအသင်းအဆင့်ကနေ အနားယူတော့မယ်လို့ဆိုပါတယ်။

ဂျူဗင်တပ်အသင်းခေါင်းဆောင် အီတလီနိုင်ငံအသင်းကစားသမားဖြစ်သူ အဆိုပါကစားသမားဟာ အီတလီအသင်းကို ၂၀၂၀ ယူရိုတုန်းက ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လာမယ့်နွေရာသီ မြောက်လန်ဒန်မှာမှာ အာဂျင်တီနားနဲ့ကန်မယ့်ပွဲပြီးရင်တော့ နိုင်ငံအသင်းအဆင့်ကနေ အနားယူတော့မယ်လို့ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂျူဗင်တပ်ခံစစ်မှူးအဆိုပါကစားသမားဟာ ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဖလားယူဖို့မှန်းထားခဲ့လောက်ပုံပေါ်ပေမဲ့ အီတလီအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ သူ့အသင်းကို သူအောင်ပွဲယူပေးခဲ့တဲ့ကွင်းမှာ သူ့ရဲ့နိုင်ငံကစားသမားဘဝကို အဆုံးသတ်တော့မယ့်ပုံပေါ်ပါတယ်။ တနင်္လာနေ့က ဂျူဗင်တပ် ဆက်ဆူအိုလိုကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲပြီးနောက်မှာ သူဟာ ထိုအာဂျင်တီနားနဲ့ပွဲမှာ တကယ်ကစားချင်ကြောင်း သူ့နောက်ဆုံးပွဲဖြစ်ဖို့ မျှော်လင့်ထားပုံပေါ်ပါတယ်။

“အဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော့်ကစားသမားဘဝရဲ့ အထွဋ်အထိပ်ကိုရောက်ခဲ့တဲ့ ဝင်ဘာလေကွင်းမှာ ကစားပြီးတော့ နိုင်ငံအသင်းကို နှုတ်ဆက်ချင်ပါတယ်။ တကယ့်ပွဲကြီးပွဲကောင်းဖြစ်တဲ့ အာဂျင်တီးနားနဲ့ပွဲမှာ အီတလီအင်္ကျီဝတ်ကစားပြီးတော့ နှုတ်ဆက်ရတာအရမ်းကောင်းမှာပဲ၊ ဒါနောက်ဆုံးအကြိမ်ဖြစ်မှာပါ”လို့ သူက DAZN ကိုပြောပါတယ်။

#အီတလီ #အာဂျင်တီးနား #ချီရယ်လီနီ