ရှေ့သို့
Image

ဆာလက်ဆို ပင်နယ်တီရမှာဆိုပြီး ပြောခဲ့တဲ့ လမ်းပတ်ကို အက်ဖ်အေက အရေးယူဖွယ်ရှိနေ

10:17 AM, 26 April

မာဆေးဆိုက်ဒါဘီနဲ့ ပတ်သက်ပြီး ပြောလိုက်တဲ့စကားတွေကြောင့် ဖရန့်လမ်းပတ်ဟာ အက်ဖ်အေရဲ့အရေးယူခြင်းကို ခံရနိုင်ခြေရှိနေပါတယ်။

ပွဲကစားချိန် ၅၃ မိနစ်မှာ လီဗာပူးနောက်ခံလူ မာတစ်ကြောင့် ဂေါ်ဒွန်လဲကျခဲ့ရတာကို ကွင်းလယ်ဒိုင်အက်ဝဲလ်က ပင်နယ်တီမပေးခဲ့တာနဲ့ပက်သက်ပြီး အဲဗာတန်အသင်းဟာ အလွန်ဒေါသထွက်နေတာဖြစ်ပါတယ်။ သူတို့ဟာ ဒိုင်အဖွဲ့ချုပ် PGMOL ကိုဆက်သွယ်ခဲ့ပြီး ဖြစ်စဉ်ကို ပိုပြီးအသေးစိတ်သိရှိအောင် ဘာကြောင့် VAR မကြည့်ခဲ့ရတာလဲကိုပါ မေးမြန်းဆက်သွယ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဗာတန်နဲ့ PGMOL ရဲ့ဆက်ဆံရေးဟာ အလွန်ထိခိုက်ရှလွယ်တဲ့အခြေအနေမှာရှိနေပြီး ဖေဖော်ဝါရီလတုန်းက ဂိုးဧရိယာထဲမှာ ရိုဒရီလက်ထိသွားတာကို ပင်နယ်တီမပေးခဲ့တဲ့ကိစ္စကိုလည်း မမေ့သေးတဲ့ပုံပေါ်ပါတယ်။ လမ်းပတ်ဟာ ကွင်းထဲကမထွက်ခင်အထိ ဒေါသကို မြိုသိပ်ထားခံရပုံပေါ်ပြီး သတင်းစာရှင်းလင်းပွဲမှာတော့ “ဆာလက်တို့ဘာတို့ဆိုရင် ပင်နယ်တီရမှာဗျ။ ကျွန်တော်အဲလိုထိပ်ပိုင်းအသင်းတွေမှာ ကစားဖူးပါတယ်။ တကယ်ရတာပါ”လို့ သူက ပြောကြားခဲ့ပါတယ်။

အဆိုပါမှတ်ချက်ကို FA ရဲ့စည်းကမ်းထိန်းသိမ်းရေး ကုမ္ပဏီက မှတ်သားထားခဲ့တာဖြစ်ပြီး တန်းဆင်းဇုံကိုကျဆင်းနေတဲ့ အဲဗာတန်နည်းပြလမ်းပတ်ဟာ အဆိုပါကိစ္စနဲ့ပက်သက်ပြီး မေးမြန်းခံခဲ့ရပါတယ်။

အဲဗာတန်ရော လီဗာပူးရောဟာ အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး သတိပေးခံခဲ့ရပေမဲ့ ဖာဘင်ဟိုကို ဒိုကူရေးကန်တဲ့ကိစ္စကြောင့် ရုတ်ရုတ်သည်းသည်း ရန်ပွဲဖြစ်သွားရတဲ့ကိစ္စကိုတော့ မည်သည်အရေးယူမှုမှ မရှိခဲ့ပါဘူး။ ရစ်ချာလီဆန် ဒဏ်ရာရပြီးလဲလျောင်းနေပေမဲ့ ပွဲကို ဆက်လက်ကစားခွင့်ပြုခဲ့ပါသေးတယ်။

#လီဗာပူး #အဲဗာတန် #လမ်းပတ် #ဆာလက်