ရှေ့သို့
Image

ယူနိုက်တက်ရဲ့ အဝတ်လဲခန်းက ဆိုးရွားနေကြောင်း လင်ဂတ်က သူ့ကိုပြောပါတယ်လို့ ဖွင့်ဟလိုက်တဲ့ ပေါလ်စခိုး

10:33 AM, 24 April

စနေနေ့က ယူနိုက်တက်ဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီး ကလပ်ရဲ့အဝတ်လဲခန်းအခြေအနေက ဆိုးရွားနေကြောင်း လင်ဂတ်က သူ့ကိုပြောပါတယ်လို့ ယူနိုက်တက်ရဲ့ကစားသမားဟောင်း ပေါလ်စခိုးက ပြောပါတယ်။

အဆိုပါဟာ အသင်းရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး ယူနိုက်တက်ဟာ အာဆင်နယ်ကို ၃-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကလပ်ရဲ့အခြေအနေကို ပေါလ်စခိုးက ပြောဆိုလိုက်တာဖြစ်ပါတယ်။

"တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်။ အဝတ်လဲခန်းကလည်း ဆိုးရွားနေပါတယ်။ အရင်ရက်က ကျွန်တော်ဟာ လင်ဂတ်နှင့် စကားပြောဖြစ်ခဲ့ပါတယ်။ အဝတ်လဲခန်းက ဆိုးရွားနေပါတယ်လို့ ပြောဆိုခဲ့ပြီး သူလည်း ဘယ်လိုမှဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သေချာသိပါတယ်" လို့ ပေါလ်စခိုးက ပြောပါတယ်။

အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ပြီး ဆိုးလ်ရှားရော ရန်းနစ်ရောကပါ အသင်းကို လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဦးမဆောင်နိုင်ခဲ့ကြပါဘူး။

ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆နေရာမှာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်ဟာ အဆင့် ၄ နေရာမှာရပ်တည်နေပြီး ပွဲကျန် ၁ ပွဲကစားဖို့ရှိနေတဲ့ အာဆင်နယ်နှင့် ၆မှတ်ကွာဟနေပြီး အဆင့် ၅ နေရာက ပွဲကျန် ၂ ပွဲရှိနေတဲ့ တော့တင်ဟမ်နှင့် ၃ မှတ်ကွာနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #လင်ဂတ်