အခွင့်ကောင်းယူတတ်တဲ့နေရာမှာ စမစ်ရိုကို အတုယူဖို့ အန်ကီတီယာကို အာတီတာ တိုက်တွန်း
9:42 AM, 23 April
မီကယ် အာတီတာက တိုက်စစ်မှူး အက်ဒီ အန်ကီတီယာကို ပွဲထွက်ခွင့်အတွက် စမစ်ရိုလိုမျိုး အခွင့်ကောင်းယူတတ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ စမစ်ရိုဟာ ယမန်နှစ်ရာသီက ချဲလ်ဆီးနဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာ မထင်မှတ်ဘဲ ပွဲထွက်ခွင့်ရခဲ့ပြီး အာဆင်နယ်ရဲ့နိုင်ပွဲကို ယူဆောင်လာပေးခဲ့ပါတယ်။ကွင်းလယ်တိုက်စစ်ကစားသမားဟာ အဆိုပါအချိန်ကတည်းက အာဆင်နယ်မှာ ပုံမှန်နေရာရလာခဲ့ပြီး အန်ကီတီယာကလည်း အလားတူ ပုံစံမျိုး ဖြစ်လာဖို့ အာတီတာက ယုံကြည်နေပါတယ်။ အန်ကီတီယာဟာလည်း ယခုနှစ်ရာသီ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပေမဲ့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ မထင်မှတ်ဘဲ ပွဲထွက်ခွင့်ရခဲ့ကာ သွင်းဂိုး၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အာတီတာက “ဒီလို အရည်အချင်းနဲ့ အရည်အသွေးမျိုးရှိရင် ချက်ချင်းပြရမှာ ဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ပတ်အတွင်း အက်ဒီနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာ ကြည့်လိုက်ပါ။ ဘောလုံးမှာ ဘာမဆို ပြောင်းလဲသွားနိုင်ပါတယ်”“အီမီလီက ပခုံးဒဏ်ရာကြောင့် ၃လကြာ နားနေရပြီး အဖြစ်အပျက်တွေ အများကြီးဖြစ်သွားခဲ့ကာ သူပြန်လာတော့ အရမ်းကောင်းနေတကြောင့် သူ့ကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲပါတယ်။ ဒါပေမဲ့ သူ အဲ့ဒီအချိန် ဝင်ပြီး စွမ်းဆောင်ပြနိုင်ဖို့ လိုပါတယ်။ သူ ခြေစွမ်းတည်ငြိမ်စွာနဲ့ လုပ်ပြနိုင်ခဲ့ပြီး ဒီနှစ်ရာသီမှာလည်း ဂိုးတွေအများကြီး သွင်းနိုင်ခဲ့ပါတယ်”
“အက်ဒီက အဲ့ဒီလိုလုပ်ပိုင်ခွင့်ရှိနေပါတယ်။ သူ ခက်ခဲတဲ့ အခိုက်အတန့်တွေတုန်းက အခွင့်အရေးနဲ့ ထောက်ခံမှု လိုအပ်ခဲ့ပါတယ်။ သူ အသင့်ဖြစ်ပြီး စွမ်းဆောင်ရည်ပြဖို့ ပြင်ဆင်ထားပြီးပြီဆိုရင် သူ အောင်မြင်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
အန်ကီတီယာဟာ နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပြီး အာဆင်နယ်က စာချုပ်သစ်ကမ်းလှမ်းထားပေမဲ့ ကစားသမားက ပယ်ချထားခဲ့ပါတယ်။ #အာတီတာ #အာဆင်နယ် #စမစ်ရို #အန်ကီတီယာ