ရှေ့သို့
Image

အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင် မဝင်က အန်ကီတီယာအပေါ်မှာ မူတည်နေတယ်လို့ ပေါလ်မာဆင် ပြောကြား

2:27 PM, 22 April

အာဆင်နယ်ဂန္ထဝင်ဟောင်း ပေါလ်မာဆင်က အာဆင်နယ်အသင်းရဲ့ချန်ပီယံလိဂ်အိပ်မက်ဟာ လူငယ်တိုက်စစ်မှူး အန်ကီတီယာအပေါ် မူတည်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၅၄ နှစ်သားက အင်္ဂလန်သားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့် တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသဖို့တော့ လိုအပ်နေတယ်လို့ ဆိုခဲ့ပါတယ်။

အန်ကီတီယာဟာ ဗုဒ္ဓဟူးနေ့ညက ချဲလ်ဆီးအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အဖိုးတန်အနိုင်ဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားအတွက် အဆိုပါ ၂ ဂိုးဟာ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ပထမဂိုး နဲ့ ဒုတိယမြောက်ဂိုးဖြစ်လာခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အာဆင်နယ်ဟာ တော့တင်ဟမ်နဲ့ အမှတ်တူအနေအထားရောက်လာခဲ့ပြီး ဂိုးကွာခြားချက်နဲ့ အဆင့် ၅  နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အန်ကီတီယာဟာ အာဆင်နယ်အသင်း အတွက် အရေးပါမှုကို မာဆင်က ပွဲအပြီးမှာ "“ဆယ်ပတ်မှာ သူ့အနေနဲ့ ၄ ပတ်လောက် နားနေရပါတယ်။ အဲ့လိုဖြစ်နေလို့မရပါဘူး။ သူက အပတ်တိုင်းပါဝင်နေရမှာပါ။ သူ့အနေနဲ့ ချဲလ်ဆီးနဲ့ ပွဲက စွမ်းဆောင်ရည်မျိုး ၃ ပွဲ ဒါမှမဟုတ် ၄ ပွဲလောက်ပြသနိုင်မယ်ဆိုရင် အာဆင်နယ် အဆင့် ၄ ဝင်နိုင်ပါတယ်။ သူက ဂိုးသွင်းမုဆိုးပါ။ ပထမဂိုးက တကယ်ကောင်းတဲ့ အဆုံးသတ်ဖြစ်သလို ဒုတိယဂိုးကလည်း တော်တော်ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မာဆင်က အန်ကီတီယာကို အသင်းဖော် လာကာဇက်တီနဲ့ ခိုင်းနှိုင်းခဲ့ပြီး ပြင်သစ်သားဟာ ၂၆ ပွဲမှာ ၄ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ မာဆင်က အင်္ဂလန်သားဟာ လာကာဇက်တီထက် ပိုကောင်းတဲ့ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူး လို့ ပြောကြားခဲ့ပါတယ်။

“သူက လာကာဇက်တီထက်ပိုကောင်းပါတယ်။ လာကာဇက်တီဆိုရင် ပထမဂိုးက ဂိုးရလိုက်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အန်ကီတီယာသွင်းခဲ့ဲတဲ့ ၂ ဂိုးစလုံးကို သွင်းယူနိုင်မှာ မဟုတ်ပါဘူး။  အန်ကီတီယာလောက် အဆုံးသတ်မကောင်းတဲ့တိုက်စစ်မှူးပါ”လို့ မာဆင်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ချဲလ်ဆီးကို အနိုင်မရခင် ၃ ပွဲဆက် အရေးနိမ့်ခဲ့ပြီး ပဲလေ့စ် ၊ ဘရိုက်တန် နဲ့ ဆောက်သမ်တန်တို့ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအရေးနိမ့်မှုကြောင့် အာဆင်နယ်ဟာ အဆင့် ၄ နေရာနဲ့ ဝေးကွာလုဆဲဖြစ်နေပေမယ့် အခုချိန်မှာတော့ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာက ပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပြီး အာဆင်နယ်ဟာ လာမယ့်စနေနေ့ အိမ်ကွင်းမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့နိုင်ပွဲက ယူနိုက်တက်ကို ဆက်လက်အနိုင်ရရှိဖို့ အကောင်းဆုံး ယုံကြည်မှုပေးနိုင်ဖွယ်ရှိနေကာ မေလ ၁၂ ရက်နေ့မှာ တော့တင်ဟမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာဆင်နယ် #ပေါလ်မာဆင် #အန်ကီတီယာ