ရှေ့သို့
Image

အဲရစ်တန်ဟက်ကို နည်းနည်းစိတ်ရှည်ပေးဖို့ ယူနိုက်တက် ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ ရွန်းနီ

11:37 AM, 22 April

အဲရစ်တန်ဟက် အသင်းကို ပြန်လည်ပြုပြင်နေတုန်းမှာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ စိတ်ရှည်ရမယ်လို့ ရွန်းနီက ဆိုပါတယ်။

ယူနိုက်တက်ကတော့ အေဂျက်နည်းပြ တန်ဟက်ကို နည်းပြအသစ်အဖြစ် ၄ နှစ်စာချုပ်နဲ့ ခေါ်ယူမယ်လို့ ကြေညာလိုက်ပြီး ၄ နှစ်တာမှာ  သန်း ၃၀ ခန့်ရရှိမှာဖြစ်ပါတယ်။ တန်ဟက်ဟာ အေဂျက်မှာအသင်းကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ကောင်းမွန်တဲ့အသင်းဖြစ်စေတဲ့ ဂုဏ်သတင်းနဲ့လာခဲ့တာဖြစ်ပေမဲ့လို့ ယူနိုက်တက်ကိုပြုပြင်ပြောင်းလဲဖို့ကတော့ နည်းနည်းလေး ကြာနိုင်ကြောင်း ရွန်းနီကဆိုတာဖြစ်ပါတယ်။

Premier League’s Hall of Fame မှာ ရွန်းနီက  “တကယ့်အလုပ်ကြီးပါ။ သူတို့က နည်းပြအသစ်ခေါ်လိုက်ပေမဲ့ သူကြည့်ရတာ အချိန်နည်းနည်းပဲ ရတော့မယ့်ပုံပဲ။ အသင်းက တကယ့်ကိုပြန်လည်တည်ဆောက်ဖို့လိုနေတာဆိုတော့ သူတို့တွေ တကယ်ပြန်လည် တည်ဆောက်မယ်ထင်တယ်။  ပရိသတ်တွေ အနေနဲ့ကတော့ ခင်ဗျားတို့တွေ ဖြစ်ချင်နေသလို ညတွင်းချင်းကြီး ပြောင်းလဲသွားမှာမဟုတ်လို့ စိတ်နည်းနည်း ရှည်ရလိမ့်မယ်ဗျ။ ကစားသမားတွေ တကယ့်ကို သူတို့ဝတ်ထားတဲ့အင်္ကျီအတွက်ကစားနေရင် တိုးတက်လာတာမြင်ရင် နည်းနည်းတော့ စိတ်ရှည်ရမယ်ဗျ။ တဖြည်းဖြည်းနဲ့ နောက် ၃ နှစ်မှာ ဖလားရအောင် ကြိုးစားနိုင်လာလိမ့်မယ်။ အဲကိစ္စမှာတော့ ပရိသတ်တွေ အနေနဲ့ လက်တွေ့ကို လက်ခံသင့်တယ်၊ အသင်းကလည်း အဲလိုဖြစ်ဖို့ မျှော်လင့်နေမယ်ထင်ပါတယ်”

ဆိုးရှားထွက်ကတည်းက ယာယီနည်းပြလုပ်နေတဲ့ ရန်းနစ်ကို တန်ဟက်က ကျော်တက်နိုင်မှာဖြစ်ပြီး ယူနိုက်တက်နဲ့ ပရိသတ်တွေအတွက် တန်ဟက်သတင်းဟာ အပြုသဘောဖက်ဆောင်နေတယ်လို့လည်း ရွန်းနီက ယုံကြည်နေပါတယ်။

“ရန်းနစ်ဝင်လာတော့ သူ့အတွက်ရုန်းကန်ရတာအရမ်းခက်ခဲတယ်ဗျ။ အခုတော့ သူတို့ကို စိတ်ပိုင်းဆိုင်ရာရော ကစားပုံရော တိုးတက်ပြောင်းလဲအောင်လုပ်ဖို့ အချိန်ပေးထားတယ်ဗျ။ ဒီသတင်းဟာ ယူနိုက်တက်ပရိသတ်တွေအတွက် တော်တော်ကောင်းတဲ့သတင်းပါ”လို့ သူကပြောပါတယ်။

စနေ တနင်္ဂနွေတုန်းက တန်းဆင်းရတဲ့ ဒါဘီကြောင့် နည်းပြအလုပ်ဘယ်လောက်ခက်ခဲတယ်ဆိုတာ ရွန်းနီကတော့ သိပါတယ်။ သို့သော်ငြားလည်း သူက ယူနိုက်တက်လိုအသင်းကို ပြုပြင်နိုင်တဲ့ဉာဏ်ကြီးရှုင်ဦးနှောက်ရှိတဲ့သူမျိုးဟာ တန်ဟက်သာ ဖြစ်လိမ့်မယ်လို့ အပြည့်အဝယုံကြည်နေပါတယ်။

အန်ဖီးကွင်းမှာ လီဗာပူးကို ၄-၀ ဆိုတဲ့ ရှက်ဖွယ်ရလဒ်နဲ့ ဂိုးပြတ်ရှုံးခဲ့ရတာကို ယူနိုက်တက်ပရိသတ်တွေနဲ့ ဝေဖန်သူတွေ အံ့အားသင့် ထိတ်လန့်တဲ့ထိ ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #အဲရစ်တန်ဟက်ချ်