ရှေ့သို့
Image

ဝါရင့်ကွင်းလယ်လူ ဆာဂျီရော်ဘတ်တိုရဲ့ စာချုပ်သစ်ဆွေးနွေးမှုကို ရွှေ့ဆိုင်းခဲ့တဲ့ ဘာစီလိုနာ

4:29 PM, 20 April

ဘာစီလိုနာဒါရိုက်တာ မာတီယူအလီမာနီဟာ ဝါရင်ကွင်းလယ်လူ ဆာဂျီရော်ဘတ်တိုနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုကို အင်္ဂါနေ့မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းဥက္ကဌ ဂျိုအန်လာပေါ်တာရဲ့ လက်မှတ်ကိစ္စသတင်းစာ ရှင်းလင်းပွဲရှိနေတာကြောင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

မန်ဒိုဒီပို့တီဗိုရဲ့ အဆိုအရတော့ အလီမာနီဟာ ရော်ဘတ်တိုရဲ့ အေးဂျင့်ဂျိုးဆက်မာရီယာအိုရိုဘစ်နဲ့ ယနေ့မှာ အသက် ၃၀ အရွယ် ကွင်းလယ်နဲ့ ညာနောက်ခံလူရဲ့ စာချုပ်သစ်ကိစ္စကို ဒူးတိုက်ဆွေးနွေးသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ လာမာစီယာအကယ်ဒမီထွက် စပိန်သားဟာ ဒီရာသီအသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့် မရရှိပါဘူး။ ဒါပေမယ့် နည်းပြဇာဗီရဲ့ကစားကွက်အရ နည်းစနစ်ပိုင်းနဲ့ အတွေ့အကြုံအားသာတဲ့ ကစားသမားတွေကို လိုအပ်ကြောင်း အသင်းကို အသိပေးထားတာကြောင့် ရော်ဘတ်တိုကို နူးကမ့်မှာ ဆက်ထားဖို့ရှိနေပါတယ်။

နည်းပြဇာဗီအပြင် ဥက္ကဌလာပေါ်တာကလည်း ရော်ဘတ်တိုကို အသင်းမှာစာချုပ်သစ် ချုပ်ပြီးဆက်ထားသင့်တယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် နူးကမ့်တာဝန်ရှိသူအားလုံး အမြင်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အမြင်မတူသူတွေထဲမှာ ဒါရိုက်တာအလီမာနီကိုယ်တိုင်လည်း ပါဝင်ပါတယ်။ တကယ်လို စာချုပ်သစ်ဆွေးနွေးမှုသာ အဆင်မပြေခဲ့ရင်တော့ ရော်ဘတ်တိုရဲ့ လက်ရှိစာချုပ်က ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

သတင်းတွေအရတော့ ဆွေးနွေးမှုတွေက ပြီးခဲ့တဲ့တစ်ပတ်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာ ဘက်က မူလထက်ပိုနိမ့်တဲ့ လစာနဲ့ ၂ နှစ်စာချုပ်ကမ်းလှမ်းမှုကိုတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။ ရော်ဘတ်တိုကတော့ အသင်းမှာပဲဆက်နေဖို့ ဆန္ဒရှိနေပေမယ့် အခြားကမ်းလှမ်းမှုတွေလည်း ရှိနေတာကြောင့် ပိုကောင်းတဲ့ စာချုပ်သစ်ကိုတော့ အလိုရှိနေပါတယ်။

#လာလီဂါ #ချမ်ဘာစ် #ရော်ဘတ်တို