ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ ရက်ရှ်ဖို့ဒ်က ကလေးတစ်ယောက်လို ကစားနေခဲ့တယ်ဆိုပြီး ရွိုင်ကိန်း ပြင်းထန်စွာဝေဖန်

1:52 PM, 20 April

ယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက လီဗာပူးနဲ့ ပွဲစဉ်က ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ရဲ့ ခြေစွမ်းတွေကို ဝေဖန်ထိုးနှက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက မက်ဂွါရီကိုလည်း ဝေဖန်မှုတွေ လုပ်သွားပေမဲ့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း စိတ်ပျက်လျက် ရှိနေပါတယ်။

ရွိုင်ကိန်းက “ဒီအသင်းက ယူနိုက်တက်အသင်းနဲ့ကို မတူတာပါ။ ခက်ခဲတဲ့ အချိန်မှာဖြစ်ဖြစ် သူတို့ အဲ့ဒီကနေ ရုန်းထွက်နိုင်တာဖြစ်ဖြစ် အရင်ကအသင်းလို မဟုတ်တော့ပါဘူး။ ဒီယူနိုက်တက်အသင်းက မျှော်မှန်းထားသလို အရည်အသွေးမျိုး မရှိပါဘူး”

“လင်ဂတ်က ယူနိုက်တက်ကို ကယ်တင်ဖို့ ဝင်လာပါတယ်။ သူက လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ယူနိုက်တက်ကနေ ထွက်သင့်တဲ့ ကစားသမားပါ။ ရက်ရှ်ဖို့ဒ်က တိုက်စစ်မှာ ကလေးတစ်ယောက်လို ကစားနေပါတယ်။ သူ ပံ့ပို့းတွေ မရပေမဲ့ ပထမပိုင်းမှာ သူ ရခဲ့တဲ့ အခွင့်အရေး ၁ကြိမ်၊ ၂ကြိမ်လောက်မှာ ဘောလုံးထိန်းမှု တော်တော်လေး ညံ့ခဲ့ပါတယ်”“နောက်ဆုံးဂိုးမှာ မက်ဂွါရီရဲ့ ပေးပို့ပုံနဲ့ ခံစစ်ကစားပုံတွေက လက်ခံနိုင်စရာ မရှိပဲ ယူနိုက်တက်အတွက် လုံလောက်ခြင်း မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ရွိုင်ကိန်း