ရှေ့သို့
Image

ကလေးငယ် ကွယ်လွန်သွားတဲ့ ရော်နယ်ဒိုကို ခွင့်လိုသလောက်ပေးလိုက်တဲ့ ယူနိုက်တက်

10:53 AM, 20 April

အမွှာထဲမှ သားယောက်ျားလေး သေဆုံးသွားမှုကြောင့် ပူဆွေးနေတဲ့ ရော်နယ်ဒိုကို အသင်းကို မပြန်လာနိုင်သေးသရွေ့ ခွင့်ယူဖို့အတွက် ယူနိုက်တက်ကတော့ ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

တနင်္လာနေ့ညတုန်းက ရော်နယ်ဒိုနဲ့သူ့လက်တွဲဖော် ဂျော်ဂျီနာတို့ဟာ အမွှာလေးထဲမှ သမီးမိန်းကလေးလေး မွေးဖွားမှုကြောင့်သာ မျှော်လင့်ချက်နည်းနည်းနဲ့ စိတ်ပျော်ရွှင်မှုအနည်းငယ်ရခဲ့တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို သူ့မိသားစုနဲ့ပူဆွေးမှုသက်သာသရွေ့ ခွင့်ယူဖို့ အပေးခံရပြီးနောက်မှာတော့ အင်္ဂါနေ့ညက လီဗာပူးနဲ့ပွဲကို ‌လွဲချော်ခဲ့တာဖြစ်ပါတယ်။

ရန်းနစ်က “ဟုတ်ပါတယ်။ ဒါဟာ ဖခင်တစ်ယောက်အတွက်တော့ အဆိုးဆုံးပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကလေး ၂ ယောက်အဖေမလို့ ဘယ်လိုခံစားနေရမယ်ဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့အားလုံး သူနဲ့ အတူတူရှိနေပါတယ်။ သူနဲ့ အတူတူပါပဲ။ သူနဲ့ သူ့မိသားစု တောင့်ခံထားနိုင်ကြဖို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

အင်္ဂါနေ့ညက ကန်တဲ့ပွဲမှာတော့ နှစ်သင်းစလုံးဟာ လေးစားသမှုကိုပြတဲ့အနေနဲ့ လက်ပတ်အနက်တွေကို ဝတ်ဆင်ကစားခဲ့ကြပြီး ပွဲချိန်၇ မိနစ်အတွင်းမှာ လက်ခုပ်တီးကြတဲ့အခါမှာလည်း လီဗာပူးပရိသတ်တွေက “You’ll never walk alone” သီချင်းကို သီဆိုခဲ့ကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်