ရှေ့သို့
Image

ဗင်နီစီးယပ်စ်ရဲ့ လက်ထိဘောက အလွန်ရှင်းပြီး အားလုံးလည်းမြင်ပါတယ်လို့ ဝေဖန်လိုက်တဲ့ လိုပီတီဂူ

3:59 PM, 18 April

ဆီဗီလာအသင်းနည်းပြ လိုပီတီဂူသည် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်နှင့်စပ်လျဉ်း၍ ကွင်းလယ်ဒိုင်၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များ၊ ဆီဗီလာ အသင်း၏ ပွဲချဉ်းကပ်ပုံ၊ လူစားလဲမှုများအပါအဝင် အခြားအကြောင်းအရာများစွာအား မီဒီယာများထံ ထုတ်ဖော်ပြောဆိုခဲ့သည်။

Ramon Sanchez Pizjuan ကွင်းတွင်ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ပထမပိုင်းပွဲချိန်အတွင်း ဆီဗီလာအသင်းက ရာကီတစ်၏ ဖရီးကစ်သွင်းဂိုး၊ လာမယ်လာ၏ လှပသော အဆုံးသတ်သွင်းဂိုးတို့ဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာမူ ရီးရဲလ်အတွက် ရိုဒရီဂို၊ နာချိုတို့က ချေပဂိုးအသီးသီးသွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပိုတွင်မူ တိုက်စစ်မှူးဘန်ဇီးမားက အနိုင်သေချာစေမည့် အဖိုးတန်သွင်းဂိုး ရယူပေးခဲ့ရာ ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်က ဆီဗီလာကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

“ဒီပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်။ အသင်းရဲ့ ပွဲကိုချဉ်းကပ်ပုံကလည်း အတော့်ကို ဆိုးဝါးခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်းက အသာစီးရခဲ့ပေမယ့် ဒုတိယပိုင်းကျတော့ ကျွန်တော်တို့ နောက်ပြန်ရောက်သွားပြန်တယ်။ ကာမာဗင်ဂါရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုကို ဘယ်သူကမှ မမြင်ကြဘူး။ ဒါက သိပ်ရှင်းလင်းတဲ့ ဖြစ်ရပ်ပါ။ ကျွန်တော်တို့က နှစ်ဂိုးပြတ်ဦးဆောင်ထားချိန်၊ ရီးရဲလ်မက်ဒရစ်က တစ်ယောက်ထုတ်ပယ်ခံလိုက်ရမယ်ဆိုရင် ပွဲပြီးရလဒ်က အရမ်းကို ခြားနားသွားပါလိမ့်မယ်။ ဒီဖြစ်ရပ်အတွက် ကံမကောင်းခဲ့ပါဘူး။ သူတို့အနေနဲ့ အနည်းဆုံးတော့ တစ်ယောက် အနီကတ်ပြသခံရသင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ ပထမပိုင်းပြီးနောက် ကျွန်တော်တို့တွေ ဒီအကြောင်းပြောဖြစ်သေးတယ်။ ဒါပေမယ့် ဒီပွဲမှာ ဆီဗီလာအသင်းရဲ့ လူစားလဲမှုသုံးခုအနက် တစ်ခုက ကာမာဗင်ဂါရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်”ဟု လိုပက်တယ်ဟီက ဆိုသည်။

ထို့ပြင် ရီးရဲလ်ကစားသမား ဗင်နီးစီးယက်စ်၏ လက်ထိဘောနှင့်အတူ ရီးရဲလ်မက်ဒရစ်၏ သွင်းဂိုးအား ငြင်းပယ်ခဲ့မှုအပေါ် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို လိုပက်တယ်ဟီက သဘောတူလက်ခံခဲ့သည်။

“ ဒီလိုအခိုက်အတန့်မျိုးတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကျွန်တော်တို့ တကယ်မသိခဲ့ဘူး။ ကျွန်တော်တို့မှာ ပြိုင်ဘက်ကို အနိုင်ယူရမယ့်အပေါ် ကြောက်လန့်နေခဲ့တယ်။ ဒုတိယပိုင်းစစချင်းမှာပဲ သူတို့ ဂိုးတွေ သွင်းခဲ့ပြီး ကျွန်တော်တို့ကို မရေမရာဖြစ်အောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဝမ်းနည်းခဲ့ရပါတယ်။ အလွန်ကောင်းမွန်တဲ့ ပထမပိုင်းကို ကြုံတွေ့ခဲ့ရပေမယ့် ဘောလုံးပွဲက နှစ်ပိုင်းကစားရတာဖြစ်သလို ဗင်နီးစီးယက်စ်ရဲ့ လက်ထိဘောကလည်း အလွန်ရှင်းလင်းပါတယ်။ ဒါကိုလည်း လူတိုင်းမြင်ပါတယ်”ဟု လိုပက်တယ်ဟီက ဆက်လက်ပြောဆိုသည်။

#လာလီဂါ #လိုပီတီဂူ #ဆီဗီလာ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးယက်စ်