ရှေ့သို့
Image

လီဗာပူးမှာ တပည့်ဟောင်းတွေ ခြေစွမ်းပြနေကြတဲ့အပေါ် ရန်းနစ် ကျေနပ်ပျော်ရွှင်နေ

2:55 PM, 18 April

ယူနိုက်တက်နည်းပြ ရက်ဖ် ရန်းနစ်က တပည့်ဟောင်းတွေ လီဗာပူးမှာ ခြေစွမ်းပြနေကြတာ မြင်ရတာ ကျေနပ်ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အောက်တိုဘာလက ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရာမှာ ၅ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်ယာယီနည်းပြ ရက်ဖ် ရန်းနစ်ဟာ နည်းပြဘ၀အတွင်း လီဗာပူးကစားသမား အများအပြားနဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကွင်းလယ်လူ နာဘီ ကီတာကို ဂျာမန်သားက သားတစ်ယောက်လို သဘောထားခဲ့ပြီး ဆဲလ်ဘတ်၊ လိုက်ပ်ဇစ်တို့မှာ လက်တွဲခဲ့ပါတယ်။

ရန်းနစ်က “သူတို့ ခုလိုမျိုး အရမ်းကောင်းနေတာ အံ့အားသင့်စရာတော့ မရှိပါဘူး။ သူတိူ့ ကစားသမား ၆ယောက်၊ ၇ယောက်လောက်က ကျွန်တော့်အသင်းမှာ ကစားခဲ့ပြီး သူတို့ကို ဘယ်သူမှ မသိချိန် ခေါ်ယူခဲ့တာပါ”“သူတို့ ခုလိုမျိုး ခြေစွမ်းပြနေနိုင်တာက ကျွန်တော်တို့နဲ့ လက်တွဲခဲ့စဉ်က ကစားတဲ့ ပုံစံ၊ သူတို့ ကစားလိုတဲ့ ပုံစံတွေက လီဗာပူးရဲ့ ကစားပုံနဲ့ ဆင်တူနေလို့ပဲ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ရန်းနစ်