ရှေ့သို့
Image

လီဗာပူး အသင်းကို လက်စားပြန်ချေတော့မယ်လို့ လော့ဖ်တပ်ချိခ် သတိပေး

12:23 PM, 18 April

လီဗာပူး အသင်းဟာ မန်စီးတီးအသင်းကို စနေနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ၃-၂နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၄၅ မိနစ်မှာ ခရစ္စတယ်ပဲလေ့က ရံဖန်ရံခါဆိုသလို ဂိုးပေါက်ခြိမ်းခြောက်မှုတွေရှိနေပေမဲ့ ပွဲကစားချိန် ၆၅ မိနစ်မှာတော့ လူစားဝင်လာတဲ့ လော့ဖ်တပ်ချိခ်ရဲ့သွင်းဂိုးနဲ့အတူ ချဲလ်ဆီးအသင်းဟာ အဖွင့်ဂိုးကို ရရှိခဲ့ပါတယ်။

အဆိုပါကွင်းလယ်ကစားသမားရဲ့ ကန်သွင်းတဲ့ဂိုးဟာ လူထိကာ ဂိုးရဲ့အပေါ်ထောင့်ကို ဝင်သွားခဲ့တာဖြစ်ပြီး နောက် ၁၀ မိနစ်အကြာမှာတော့ မေဆင်မောင့်က ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့ကတော့ ဂိုးရနိုင်ခြေရှိတဲ့ အခွင့်အရေးနှစ်ခါလောက်ကို ဖြုန်းတီးနေခဲ့တာဖြစ်ပါတယ်။

မနှစ်ကဖိုင်နယ်မှာတုန်းက လက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးဟာ ဒီရာသီကာရာဘောင်ဖလားမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ကံမကောင်းအကြောင်းမလှကာ ရှုံးနိမ့်သွားခဲ့တဲ့ လီဗာပူးနဲ့ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်ပြီး လော့ဖ်တပ်ချိခ်ကလည်း ပြန်လည်လက်စားချေနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ခရစ္စတယ်ပဲလေ့နဲ့ နိုင်ပွဲအပြီးမှာ အဆိုပါကွင်းလယ်ကစားသမားက “မနေ့က သူတို့ပွဲကို ကြည့်ခဲ့တယ်ဗျ။ သူတို့ကို ပြန်အနိုင်ရချင်တယ်။ ဒီလောက်ပါပဲ။ ကာရာဘောင်နဲ့ဖိုင်နယ်ပွဲက တကယ်ကောင်းပါတယ်။ ကျွန်တော်တို့အနိုင်ရခဲ့သင့်တာ။ ဒီတော ဒီဖိုင်နယ်ပွဲကို မျှော်နေမှာဖြစ်သလို လက်စားလည်းချေဖို့ တွေးထားပါတယ်” လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းဖော် မောင့်ကလည်း ဝင်ဘာလေမှာ ကန်တိုင်းရှုံးနေတဲ့ ဝင်ဘာလေကျိန်စာကို ပယ်ဖျက်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

သူက “ကျွန်တော်တို့တွေ ဝင်ဘာလေကွင်းမှာ အနိုင်ရဖို့အတွက် နောက်ဆုံးတော့ အချိန်ကျရောက်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အဲကွင်းမှာ ရှုံးနေတာ ၅ ပွဲတောင် ရှိနေပါပြီ။ အခုတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပိုပြီးခြေစွမ်းကောင်းလာအောင်ဖိအားပေးတော့မှာမလို့ တကယ်ကောင်းမယ့်ပွဲပါ။ သိပ်မကြာသေးခင်ကမှ ကစားထားတဲ့ နောက်ဆုံးဖိုင်နယ်ဖလားပွဲကို မှတ်မိကြမယ်ထင်ပါတယ်။ အခု ပြန်အနိုင်ယူဖို့ အချိန်ကျပါပြီ။ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်အသင်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့တဲ့ လော့ဖ်တပ်ချိခ်ဟာ အသင်းမှာ အလွန်အသုံးဝင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာတာဖြစ်ကာ ကွင်းလယ်နဲ့ ညာတောင်ပံနှစ်နေရာကို ဖြန့်ကျက်ကစားနေခဲ့တာဖြစ်ပြီး သူဟာ ချဲလ်ဆီးက သူ့ခြေစွမ်းနဲ့ပက်သက်ပြီး လုံးဝ သံသယမဝင်ဘူးလို့”ဆိုပါတယ်။

“ဒါကတော့ ကျွန်တော့်စိတ်စွမ်းအားပဲဗျ။ ဒဏ်ရာတွေရတာတောင် ကျွန်တော်ဒီမှာ ရှိနေနိုင်တာကလည်း ဒါကြောင့်ပါပဲ။ ကျွန်တော်ဆက်ကြိုးစားနေမှာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်ယုံတယ်။ ကျွန်တော့် အချိန်ရောက်လာလိမ့်မယ်ဆိုပြီး အမြဲတမ်းကြိုစားကစားမယ် ဆိုပြီး ကျွန်တော့်ကိုယ်ကျွန်တော် နှစ်ပေါင်းများစွာကြာအောင် ပြောနေတာပါ”ဆိုပြီး သူကပြောပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #လော့ဖ်တပ်ချိခ်