ရှေ့သို့
Image

ဖလားလေးလုံး တိုက်ပွဲဝင်နေရတဲ့ အတွေ့အကြုံကိုပြောပြခဲ့တဲ့ အာနိုးလ်နှင့် ဗန်ဒိုက်

10:34 AM, 18 April

အင်္ဂလိပ်ဘောလုံးလောက၏သမိုင်းဝင်အောင်မြင်မှုအဖြစ် ဖလားလေးလုံး ဆွတ်ခူးနိုင်ရေး တိုက်ပွဲဝင်နေရသည့် အတွေ့အကြုံအား လီဗာပူးအသင်းအဓိက ကစားသမား အာနိုးလ်နှင့် ဗန်ဒိုက်တို့က ထုတ်ဖော်ပြောကြားခဲ့သည်။

ရာသီကုန်ရန်နီးကပ်လာသည်နှင့်အမျှ ကလပ်အသင်းတွေဟာ ရည်ရွယ်ရာရည်မှန်းချက်သို့ ရောက်ရှိရန် အပြင်းအထန်ကြိုးပမ်းအားထုတ်လာရသည်။ လီဗာပူးအသင်း အနေဖြင့် လက်ရှိ ရာသီကာရာဘောင်ဖလားကိုသာ အောင်မြင်ထားသော်လည်း ယခင်က မည်သူမျှမစွမ်းဆောင်နိုင်ခဲ့သော အောင်မြင်မှုကို ဆွတ်ခူးနိုင်မည့် အလားအလာကောင်းများအတွက် လန်းဆန်းတက်ကြွနေပါတယ်။

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်က “အသေအချာပဲ။ ပုဂ္ဂိုလ်ရေးအမြင်အရပြောရရင်  ဘာပဲဖြစ်နေနေ ဒီကာလဟာ ဘောလုံးရာသီရဲ့ အကောင်းဆုံးအခိုက်အတန့်ပဲ။ အမှန်တကယ်ပြဿနာရှိတဲ့ ပွဲတွေလည်း ရှိပါတယ်။ မင်းအနေနဲ့ အခြေခံအုတ်မြစ်ကို ကောင်းကောင်းတည်ဆောက်ထားမယ်ဆိုရင် ခရစ္စမတ်အလွန်ကာလမှာ ဒါရဲ့ အကျိုးကျေးဇူးကို စခံစားရလာပြီး မတ်လလောက်အထိ ဆက်ရနေပါလိမ့်မယ်။ နိုင်ငံ့လက်ရွေးစင်အသင်းကနေ ပြန်ရောက်လာချိန်မှာ ဒီလိုစိတ်လှုပ်ရှားမှုမျိုး ခံစားမိတယ်မလား။ ကစားပွဲတွေ ရှိနေပါစေဦး၊ ဒီအချိန်ကတော့ ဒီနှစ်ရဲ့ အကောင်းဆုံးပဲ။ အခု ဖလားလေးလုံးအောင်မြင်မှုခံစားဖို့ အခြေအနေတစ်ခုမှာ ကျွန်တော်တို့ရှိနေတယ်။ ဒါမျိုးလည်း ဘယ်သူမှ မလုပ်နိုင်သေးဘူး။ ဒါကို မခံစားမိဘူးဆိုရင်တော့ မင်းအတွက် ကြီးမားတဲ့ စိတ်ထိခိုက်စရာ ဖြစ်နေလိမ့်မယ်။ တစ်သက်မှာ တစ်ခါပဲ ကြုံနိုင်တဲ့အခွင့်အရေးမဟုတ်ပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီလိုအနေအထားမျိုးမှာရှိနေတာ ဒါပထမဆုံးအကြိမ်လေ။ ဧပြီလလယ်မှာ ဖလားအားလုံး သိမ်းပိုက်ဖို့ အားထုတ်နေရတာက တကယ့်ကို ပြောင်မြောက်လှပါတယ်။ ဒီအတွက် ကွင်းထဲမှာ ကျွန်တော့်တို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသရမယ်။ ဒီလိုလုပ်ဆောင်နိုင်မှလည်း မေလမှာ ဖလားစုံရရှိနိုင်ဖို့ အသေချာဆုံးနည်းလမ်းတစ်ခုပဲ”ဟု ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောကြားခဲ့သည်။

ထို့ပြင် လီဗာပူူးအသင်း အဓိက ကစားသမား ဗန်ဒိုက်ကလည်း “သွားနေတဲ့လမ်းကြောင်းကို ကြည့်လိုက်ရင် တော်တော်လေး ကောင်းမွန်နေတယ်။ ၁၀ နှစ်၊ နှစ် ၂၀ လောက်တော့ ဒီအခိုက်အတန့်ကို ကျွန်တော်တို့ အမှတ်ရနေပါလိမ့်မယ်။ အပြင်က လူတွေအားလုံးကတော့ ဖလားလေးလုံး သို့ ဖလားသုံးလုံး အကြောင်း ပြောနေကြပြီး ကျွန်တော်တို့အပေါ် ဖိအားအပိုတွေကို ဆုချနေပါတယ်။ ဘယ်သူမှတော့ ဒီလိုဖလားလေးလုံး အောင်မြင်မှုကို မစွမ်းဆောင်နိုင်ခဲ့ဘူး။ လုံးဝနီးပါးမဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုလည်း ရှိတယ်။ ကျွန်တော်တို့အသင်းအနေနဲ့တော့ ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခုမှာ လက်ရှိအသင်းအနေနဲ့ မရရှိဖူးသေးတဲ့ ဖလားတစ်လုံး အတွက် ဗိုလ်လုပွဲအဆင့် တက်ရောက်ခွင့် ရခဲ့ပါပြီ။ အခုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ထားမယ်။ ဒီပွဲကလည်း ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။

လာမည့်ရက်ပေါင်း ၄၀ အတွင်း လီဗာပူး အသင်းအနေဖြင့် သမိုင်းဝင်အောင်မြင်မှုအား စွမ်းဆောင်နိုင်ခြင်းရှိ၊မရှိ အဖြေထွက်ပေါ်လာမည်ဖြစ်သည်။

#လီဗာပူး #ဗန်ဒိုက် #အာနိုးလ်