ရှေ့သို့
Image

ဝင်ဘာလေကျိန်စာကို ဒီတစ်ခါတော့ပယ်ဖျက်တော့မယ်လို့ ကြုံးဝါးလိုက်တဲ့ မေဆင်မောင့်

9:52 AM, 18 April

အက်ဖ်အေဖလားရဲ့ ဖိုင်နယ်ပွဲစဉ် အနေနဲ့ ဝင်ဘာလေကွင်းမှာ ချဲလ်ဆီးနဲ့ လီဗာပူး ကန်ရတော့မှာဖြစ်ပြီး မေဆင့်မောင့်ကတော့ သူ့ရဲ့ဝင်ဘာလေကွင်း ကျိန်စာကို ပယ်ဖျက်တော့မယ်လို့ဆိုပါတယ်။

မေဆင်မောင့်ဟာ ဒီကွင်းရဲ့ပွဲကြီး ၅ ပွဲကန်ရတာမှာ ၅ ပွဲလုံးရှုံးခဲ့ဖူးတာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ လီဗာပူးနဲ့ ထပ်မံကြုံတွေ့ရတာဆိုရင်လည်း ဒီရာသီမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကာ ပထမအကြိမ်ကို ကာရာဘောင်ဖလားရဲ့ဖိုင်နယ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မောင့်ဟာ ဒါဘီအသင်းမှာ ကစားတုန်းက ချန်ပီယံရှစ်ပွဲ ၁ ပွဲ၊ ချဲလ်ဆီးရဲ့ အက်ဖ်အေဖလားဖိုင်နယ် ၂ ပွဲ၊ အင်္ဂလန်နဲ့အီတလီ ၁ ပွဲတို့ကို ဝင်ဘာလေကွင်းမှာ ကန်ပြီး ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ခရစ်စတယ်ပဲလေ့နဲ့ပွဲမှာ လော့ဖ်တပ်ချိခ်ရဲ့ အဖွင်းဂိုးပြီးတဲ့နောက် ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တဲ့မောင့်ဟာ “နောက်ဆုံးတော့ ကျွန်တော်တို့တွေ ဝင်ဘာလေကွင်းမှာ ပြန်နိုင်ရမယ့် အချိန်ရောက်ပြီ။ ကျွန်တော်အဲဒီမှာ ဖိုင်နယ် ၅ ပွဲတောင် ရှုံးဖူးတယ်။ အခု လီဗာပူးကို ပြန်အနိုင်ယူရမယ့်အချိန်ရောက်ပြီ။ နောက်လမှာ လီဗာပူးဖလား ၄ လုံးရနိုင်တာကို ဂရုမစိုက်ဘဲ အနိုင်ရနိုင်ဖို့ပဲ ချဲလ်ဆီးက အာရုံစိုက်ထားတာဖြစ်ပါတယ်”

ဂျာမန်နည်းပြက “သူတို့ရဲ့တစ်ခြားဖလားတွေ ဘာတွေ ဂရုမစိုက်ဘူး။ ကျွန်တော်တို့တွေဖိုင်နယ်တစ်ပွဲ ရှုံးလိုက်တယ်။ အဲပွဲမှာ အစွမ်းကုန် ကြိုးစားခဲ့တယ်။ နောက်ဆုံး ပင်နယ်တီကို ရောက်မှပဲ ကံဆိုးပြီး ရှုံးသွားတယ်။ အဲဒါတွေကို ပြန်ပြင်လို့ရရင် ပြင်ချင်ပါတယ်။ ကာရာဘောင်ဖလားကတော့ ဘာပဲဖြစ်ဖြစ်မရနိုင်တော့ပါဘူး။ ဒါပေမဲ့ အခုဒီနေရာထပ်ရောက်နေပြီ။ အရင်က အက်ဖ်အေဖလားနောက်ဆုံးဖိုင်နယ်တုန်းကလည်း ဒီနေရာကိုရောက်ခဲ့တယ်။ အခုဒီနေရာကို ထပ်ရောက်ပြန်ပြီ။ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့က မယုံနိုင်စရာပဲဆိုတဲ့ အဓိပ္ပာယ်ပါ။ အက်ဖ်အေဖလားဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအရှိဆုံးနဲ့ ထုံးတမ်းအစဉ်အလာအဖြစ်ဆုံးဖလားပါ။ သူတို့ရဲ့ခြေစွမ်းနဲ့ ပုံစံက အကောင်းဆုံးပဲမလို့ ပွဲကခက်ခဲဦးမှာဆိုတော့ ကျုပ်တို့တွေ အကောင်းဆုံး ထပ်ပြင်ထားရပါမယ်။ အနိုင်ယူဖို့ဖိုင်နယ်ပွဲရှိမှ ရာသီတစ်ခုက ဆော့လို့ပိုကောင်းတာပါ။ ဒါပေမဲ့ ဖိုင်နယ်ပွဲတွေက ကိုယ်ဘယ်လောက်ပဲ အစွမ်းကုန်ကြိုးစားလည်း တစ်ခါတလေကျ မလုံလောက်ပါဘူး”လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့အပတ်က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီးအသည်းကွဲခဲ့ရတာမလို့ ဒီဖိုင်နယ်ပွဲမှာ အနိုင်ရခြင်းကသာ ချဲလ်ဆီးအတွက် အကောင်းဆုံးဖြစ်စေမှာဖြစ်ပါတယ်။ သူ့ကစားသမားတွေရဲ့ စိတ်ပျက်တဲ့ကာလ ကျော်လွန်သွားခဲ့ပြီလို့လည်း တူချယ်က ထုတ်ဖော်ပြောကြားထားပါတယ်။ သောကြာနေ့က ထရိန်နင်မှာ အရမ်းပြင်းပြင်းထန်ထန် ကစားနေလို့ ကျွန်တော့်ကစားသမားတွေ အားကုန်သွားမှာတောင် ကြောက်မိတယ်” လို့တူချယ်ကဆိုပါတယ်။

“စနေနေ့ကတော့ နည်းနည်း လျှော့လိုက်ရတယ်ဗျ။ ကစားသမားတွေ ထရိန်နင်မှာ သေချာဂရုစိုက်ရင် အားအပြည့်နဲ့ဆော့ပြီး အတ္တတွေ လျှော့နေရင် ကျွန်တော်သဘောကျတယ်ဗျ။ ဒါတကယ်ကောင်းတဲ့ လက္ခဏာပဲ။ ဘောလုံးကစားတာကို အလုပ်လိုမျိုးသဘောမထားလို့ပါ။ ကြိုက်လို့ကစားနေတာဆိုတော့ ကစားလို့ ကောင်းနေတာ” လို့ တူချယ်ကပြောပါတယ်။

ခရစ္စတယ်ပဲလေ့နည်းပြ ပတ်ထရစ်ဗီအဲရာကတော့ “၂-၀ ဆိုတာဖြစ်သင့်ရဲလားတော့ ကျွန်တော်မသိဘူးဗျ။ ဒီအသင်းတွေနဲ့ကျတော့ အခွင့်အရေးသိပ်ဖန်တီးနိုင်မှာမဟုတ်လို့ ရသမျှအခွင့်အရေးကို ယူထားရမယ်ဗျ။ ကျွန်တော်တို့တွေ အခွင့်အရေးတွေရပေမဲ့ မဂိုးခဲ့ဘူး။ အခွင့်အရေးနှစ်ခါလောက် ရခဲ့ပေမဲ့ ဘောလုံးကို သေချာအတိအကျ မပေးနိုင်ခဲ့ဘူး။ ချဲလ်ဆီးနဲ့ ကျွန်တော်တို့ကြားမှာ တော်တော်ကြီးကွာခြားနေသေးတယ်။ ကစားသမားတွေဆိုတာ ဖိုင်နယ်ရောက်တော့မယ်ပွဲရဲ့ ခံစားချက်ကို သဘောကျကြတာ၊ ပိုပြီး ကစားချင်ကြတယ်။ ဒီလိုပွဲမျိုးဆိုရင် ပရိသတ်တွေရော အသင်းတွေရော စိတ်လှုပ်ရှားကြတယ်။ ဒီလိုမျိုးအတိုင်း ဆက်ကစားနေဖို့လိုတယ်”လို့ ဆိုပါတယ်။

#လီဗာပူး #ချဲလ်ဆီး #မေဆင်မောင့် #အက်ဖ်အေဖလား