ရှေ့သို့
Image

စီးရီးအေဖလားအတွက် အရေးကြီးနေချိန် အိမ်ကွင်းမှာ သရေ၁မှတ်သာရခဲ့တဲ့ ဂျူဗင်တပ်စ်

9:31 AM, 17 April

ဂျူဗင်တပ်စ်အသင်းဟာ ယမန်နေ့ညက ဘိုလော့ဂ်နာနဲ့ပွဲစဉ်မှာ အသည်းအသန် ကစားခဲ့ရပြီး မိုရာတာရဲ့ နောက်ပြန်ကန်ချက်ကြောင့်သာ သရေခဲ့ရပါတယ်။

မိုရာတာရဲ့ နောက်ပြန်ကန်ချက်က ဂိုးဘေးထွက်သွားမှာ ဖြစ်ပေမဲ့ ဗလာဟိုဗစ်က ပြေးဝင် ခေါင်းတိုက်ကာ ချေပဂိုး သွင်းပေးခဲ့ပါတယ်။

ဂျူဗင်တပ်စ်က အဆင့်၄နေရာမှာ ရှိနေပြီး အဆင့်၃နေရာက နာပိုလီနဲ့ ၃မှတ်အကွာမှာ ရှိနေပါတယ်။

ဘိုလော့ဂ်နာရဲ့ ဦးဆောင်ဂိုးကိုတော့ ဆိုရီယာနိုရဲ့ မျောပေးမှုကနေ အနော်တိုဗစ်က ဂိုးသမားကို ကျော်ကာ သွင်းယူခဲ့ပါတယ်။

မိုရာတာတစ်ယောက် နောက်ကျ ပင်နယ်တီရပြီထင်ခဲ့ပေမဲ့ တကယ်တမ်းက ဧရိယာအပြင်ဘက်မှာ ဖြစ်ပြီး ဘိုလော့ဂ်နာ ကစားသမား ဆူမောင်ရို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တဲ့ မီဒယ်လည်း အနီကတ်ပြခံခဲ့ရပါတယ်။

ဖီအိုရင်တီးနားကတော့ တော်ရဲရားရဲ့ဂိုးနဲ့ ဗင်နီဇီယာကို အနိုင်ယူကာ အဆင့်၆နေရာကို တက်လာခဲ့ပါတယ်။

လာဇီယိုကလည်း ဥရောပဝင်ခွင့်အတွက် ယှဉ်ပြိုင်နေချိန် တိုရီနိုကို သရေရဖို့ အသည်းအသန်ကစားခဲ့ရပြီး အင်မိုဘီလီရဲ့ နောက်ကျဂိုးကြောင့်သာ သရေရလဒ် ရရှိခဲ့ပါတယ်။

#စီးရီးအေ #မိုရာတာ #ဂျူဗင်တပ်စ် #ဘိုလော့ဂ်နာ