ရှေ့သို့
Image

ယူနိုက်တက်ကို ထောက်ခံအားပေးနေသမျှ ပရိသတ်တွေ ကြိုက်သလောက်ဆန္ဒပြနိုင်တယ်လို့ ရန်နစ် ပြောကြား

10:44 AM, 16 April

ယူနိုက်တက်ယာယီနည်းပြ ရန်နစ်က ပရိသတ်တွေအနေနဲ့ အသင်းပိုင်ရှင်ကို စနေနေ့မှာ ကစားမယ့် နောဝစ်ချ်နဲ့ပွဲမတိုင်ခင် ဆန္ဒပြဖို့ ပြင်ဆင်နေကြပြီး သူတို့အသံကို နားထောင်ဖို့ လိုအပ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

၁၉၅၈ အုပ်စုဟာ စနေနေ့ မနက်ခင်း အိုးထရက်ဖို့ဒ်ပွဲမတိုင်ခင် စထရက်ဖို့ဒ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့ပါတယ်။ 

သူတို့ဟာ ပွဲမစခင် ၁၇ မိနစ်လောက် ကွင်းပြင်ပမှာ ဆန္ဒပြဖို့ ပြင်ဆင်နေကာ တစ်နှစ်တိုင်းအတွက် ၁ မိနစ်အော်ဟစ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

သောကြာနေ့တုန်းကလည်း ပရိသတ်တွေဟာ ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ ဂလေဇာမိသားစုကို ဆန့်ကျင့်တဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး အဲ့နောက် ရဲတွေကလူစုခွဲခဲ့တာဖြစ်ပါတယ်။

“ဘောလုံးပွဲတစ်ပွဲမှာ စိတ်အားထက်သန်မှု နဲ့ ခံစားချက်တွေပါတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပရိသတ်တွေက အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း နဲ့ အမှတ်ပေးဇယားရပ်တည်မှုကို စိတ်ပျက်နေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ပရိသတ်တွေက အင်္ဂလန်ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် သူတို့အသင်းကို ထောက်ခံနေသမျှ ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ ဆန္ဒပြခွင့်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။

ပြီးတော့ သူတို့အမြင်ကို ထုတ်ဖော်ခွင့်ရှိတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ သူတို့ စိတ်ပျက်နေတယ်ဆိုတာကို ကျွန်တော်နားလည်နိုင်ပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

“အသေးစား နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့အမြင်ကို လေးစားသလို သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိအောင် လုပ်ဆောင်သွားမှာပါ”လို့ ယူနိုက်တက်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်နေ့က လီဗာပူးအသင်း အိုးထရက်ဖို့ဒ်ကို လာကစားရမယ့်ပွဲကို ပရိသတ်တွေ ဆန္ဒပြဖို့ ပြင်ဆင်ခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။

ဒါ့အပြင် ဂလေဇာမိသားဟာ ဥရောပစူပါလိဂ်ကို ဝင်ခွင့်မရခဲ့ကတည်းက ဆန္ဒပြခံရမှုတွေ မြင့်တက်လာခဲ့သလို ကွင်းထဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကလည်း စိတ်ပျက်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ပြိုင်ဘက် တော့တင်ဟမ်က ဗီလာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ၇ ပွဲကစားဖို့ ကျန်နေချိန် ယူနိုက်တက်ဟာ အဆင့် ၄ နေရာနဲ့ ၆ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပေမယ့် ရန်နစ်က သူ့အသင်းဟာ ဆိုးလ်ရှားလက်အောက်ကနေ သူရယူပြီးကတည်းက တိုးတက်လာခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခိုက်အတန့် ၊ အခြေအနေ နဲ့ အကောင်းဆုံးပွဲရှိခဲ့ပါတယ်။ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်ဆိုတာကို ကျွန်တော်တို့အသင်းပြနိုင်ခဲ့ပါတယ်။

ပဲလေ့စ် ၊ ဝက်စ်ဟမ်း ၊ တော့တင်ဟမ် ၊ လိဒ်ယူနိုက်တက် နဲ့ ဗီလာအသင်းပွဲတွေမှာ ကျွန်တော်တို့ အကောင်းဆုံးအသင်းအနေနဲ့ ကစားနိုင်ခဲ့ပါတယ်။

ဘာကြောင့် ကာလရှည် အဲ့လိုမကစားနိုင်ရတာနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်လို့ ထင်ပါတယ်။ 

သေချာတာကတော့ ကျွန်တော် မပျော်ပါဘူး။ ဒါပေမယ့် လက်ကျန်ရာသီပွဲတွေကို အကောင်းဆုံးကစားသွားမှာပါ”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ခွဲစိတ်မှုခံယူရတဲ့ လုခ်ရှော မပါပဲ လက်ကျန်ရာသီကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ ရန်နစ်က အင်္ဂလန်သားတစ်ယောက် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက် နားရမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကြည့်ရတာ သူအနည်းဆုံး ၄ ပတ် ဒါမှမဟုတ် ၅ ပတ်လောက်နားရဖွယ်ရှိနေပါတယ်။ လက်ကျန် ၇ ပွဲကို သူမပါနိုင်ရင် ခက်ခဲနိုင်ပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ရန်နစ်က ဖရက်ဒ် ၊ တိုမီနေး ၊ ဗာရာနီ နဲ့ ကာဗာနီတို့ စနေနေ့ပွဲကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။

“မနက်ဖြန်အထိ ကစားသမား ၅ ဦးလောက် လွဲချော်နေဆဲဖြစ်ပါတယ်။ အဲ့ထဲက အချို့က လီဗာပူးပွဲကို ဆက်လွဲပါမယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်