ရှေ့သို့
Image

ပီအက်စ်ဗွီကိုနိုင်ပြီး ဆီမီးရောက်သွားတဲ့အတွက် ပျော်ရွှင်ကျေနပ်နေတဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ

2:40 PM, 15 April

လက်စတာအသင်းရဲ့နည်းပြ ရော့ဒ်ဂျာကတော့ ယူရိုပါကွန်ဖရင့်လိဂ်ရဲ့ ‌‌ဆီမီးဖိုင်နယ်ကို ပီအက်ဗွီအသင်းကို အနိုင်ယူပြီး တက်ရောက်သွားပြီးနောက်မှာတော့ သူ့အသင်းဟာ ပိုမို ခြေစွမ်းပြလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

 

ဂျိမ်းစ်မက်ဒစ်ဆန်နဲ့ ပါရီရာတို့ဟာ ပွဲချိန်ရဲ့နောက်ဆုံး ၁၃ မိနစ်ရောက်တော့မှ နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ လက်စတာကို အနိုင်ရရှိစေခဲ့တာဖြစ်ပါတယ်။


လက်စတာဟာ ပထမပိုင်းမှာ ပီအက်ဗွီကို အဖွင့်ဂိုးသွင်းယူခံထားရပေမဲ့ ဒုတိယပိုင်းနှစ်ဂိုးနဲ့ ပြန်လည်အနိုင်ခဲ့ရတာဖြစ်ကာ ဘိုဒို/ဂလင့် သို့မဟုတ် ရိုးမားနဲ့ ဆီမီးဖိုင်နယ်မှာ ‌တွေ့ဆုံရတော့မှာဖြစ်ပါတယ်။


ဒါဟာ လက်စတာအနေနဲ့လည်း ယူရိုပါပြိုင်ပွဲတစ်ခုမှာ ပထမဆုံးအနေနဲ့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။


ရော့ဒ်ဂျာက “ကျွန်တော်တို့က ဥရောပအသင်းတစ်သင်းအ‌နေနဲ့ဆိုရင် ဝါနုပါသေးတယ်။ ဒါပေမဲ့ ဒီလိုညမျိုးတွေကနေပဲ အကုန်လုံးဟာ ပိုမိုတောက်ပလာကြတာပါ။ ဆီမီးဖိုင်နယ်ကိုရောက်သွားရတာက ကစားသမားတွေရော၊ အသင်းရော၊ ပရိသတ်တွေရောအတွက် အလွန်ခံစားလို့ကောင်းပါတယ်။


ကောင်လေးတွေက ဒုတိယပိုင်းမှာ တော်တော်လေးကို ကောင်းလာပါတယ်။ ပုံမှန်‌ဆိုရင် ဒါမျိုးပွဲတွေက ဒုတိယ အခွင့်အရေးရဖို့ ခက်တယ်ဗျ။


ဒါပေမဲ့ သူတို့က ဆက်ပြီးကြိုးစားပြီး ကစားနေရင်းနဲ့ တော်တော်လှတဲ့ ဂိုးနှစ်ဂိုး ဂိုးသွားပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုကစားဖို့တွေ ဘာတွေဖြစ်လာနိုင်တာတွေ ညွှန်ပြပေးလို့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ တကယ်အရေးပါသွားတာကတော့ ပိုပြီး ဖိအားပေးနိုင်လာတဲ့ ခြေစွမ်းပါပဲ” လို့ သူကဆိုပါတယ်


လက်စတာဟာ ပကျော့ပွဲစဉ်မှာ ဝ-၀ ဆိုတဲ့ရလဒ်ကို ရရှိထားတာဖြစ်ပြီး ရှမိုက်ကယ်ဟာ ၁၄ မိနစ်အကြာမှာသွင်းယူခဲ့တဲ့ ဂေါ့ဇီရဲ့ကန်ချက်ကို လှလှပပကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

#လက်စတာ #ရှမိုက်ကယ် #ရော်ဂျာ #ယူရိုပါကွန်းဖရန့်လိဂ် #ပီအက်စ်ဗွီ