ရှေ့သို့
Image

အကြီးမားဆုံးအိပ်မက်က ချန်ပီယံလိဂ်အောင်မြင်မှုဘဲလို့ ပြောလာတဲ့ လီဗာပူးနောက်ခံလူ ဆီမီးကတ်စ်

12:09 PM, 15 April

လီဗာပူးနောက်ခံလူ ဆီမီးကတ်စ်က သူ့ရဲ့အကြီးမားဆုံးအိပ်မက်ဟာ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို ကျော်ဖြတ်လာခဲ့ရသလို ကွာတားဖိုင်နယ်မှာလည်း ဘင်ဖီကာကို ၂ ကျော့ပေါင်းရလဒ် ၆-၃ နဲ့ ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲလ်နဲ့ တွေ့ဆုံနေပါတယ်။

“ကျွန်တော်တို့ အနိုင်မရခဲ့ပဲ သရေပဲ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပျော်ပါတယ်။ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကြောင့် ပစ်မှတ်ထားတဲ့အရာကို လိုချင်တယ်ဆို အလုပ်ဆက်ကြိုးစားရပါဦးမယ်။

၂ ဂိုးဖန်တီးနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ အလုပ်ကြိုးစားပြီး အသင်းကို အကူအညီပေးချင်ပါတယ်။ အဲ့တာက အလုပ်ကြိုးစားဖို့ စိတ်ဓာတ်ခွန်အားပေးပါတယ်။ ဒီအသင်း ဒီမိသားစုအတွက် ကစားပေးရတာ အရမ်းကျေနပ်ပါတယ်။ 

ခံစစ်ပိုင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တစ်ချို့ ရှိခဲ့ပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ် ”လို့ ဆီမီးကတ်စ်က ပြောကြားခဲ့ပါတယ်။

ဆီမီးကတ်စ်ဟာ ပရီးမီးယားလိဂ်မှာတော့ ရောဘတ်ဆန်ရဲ့နောက်မှသာ ပါဝင်ကစားခွင့်ရရှိနေတာဖြစ်ပေမယ့် ပါဝင်ခွင့်ရရှိတဲ့အချိန်တိုင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်က ချန်ပီယံလိဂ်ဖလားရဖို့ပါ။ အဲ့တာက ကျွန်တော်ဒီကိုရောက်လာတဲ့အချိန် ပစ်မှတ်ထားထားတာတွေထဲက တစ်ခုပါ။ 

ကျွန်တော်အရမ်းလိုချင်ပါတယ်။ ဒီအရာကို အောင်မြင်ဖို့ ကျွန်တော် အလုပ်ကြိုးစားနေပါတယ်။ အခုအတိုင်းဆက်သွားနေရင် ကျွန်တော်တို့ အောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်”လို့ ဆီမီးကတ်စ်က ပြောကြားခဲ့ပါတယ်။


#လီဗာပူး #ချန်ပီယံလိဂ် #ဆီမီးကတ်စ်