ရှေ့သို့
Image

အာဆင်နယ်ဟာ အိမ်လိုပဲ ခံစားရပါတယ်ဆိုတဲ့ နောက်ခံလူ မာဂယ်လ်ဟေး

10:39 AM, 15 April

ဘာစီလိုနာအသင်းက ခေါ်ယူလိုတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အာဆင်နယ် ခံစစ်ကစားသမား ဂါဘရီရယ် မာဂယ်လ်ဟေးဟာ သူ့အနေနဲ့ အာဆင်နယ်အသင်းဟာ အိမ်လိုပဲ ခံစားနေရကြောင်း ပြောကြားလိုက်ပါတယ်။ 


ဘာစီလိုနာအသင်းက ဂါဘရီရယ်ကို ခေါ်ယူလိုတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး စပိန်မှာရှိတဲ့ သတင်းတွေက အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ကစားသမားရဲ့ အနာဂတ်ဟာ အာဆင်နယ်အသင်းမှာ မသေမချာ ဖြစ်နေတယ်လို့ ရေးသားလာခဲ့ကြပါတယ်။ သို့သော်လဲ ဘရာဇီးသား ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းဖော်တွေနဲ့အတူ အာဆင်နယ်အသင်းဟာ အိမ်လိုပဲ ခံစားနေရကြောင်းပြောကြားလိုက်ပါတယ်။ 


ပရီးမီးယားလိဂ်ရဲ့ Evening Standard ဆိုတဲ့ အစီအစဉ်မှာ 


"ဒီမှာကစားရတာက တကယ့်စိန်ခေါ်မှုပါပဲ။ ကျွန်တော် တနေ့ထက်တနေ့ ပိုပြီး နေသားကျလာပါတယ်။ တချိန်ထဲမှာပဲ ကျွန်တော်တို့ ပွဲတိုင်း ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုးမရှိနိုင်ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ အမှားတွေ ပြုလုပ်ကြပါတယ်။ "


"ဒါပေမယ့် ကျွန်တော်နေရတာ ကောင်းပါတယ်။ အာဆင်နယ်မှာနေရတာ အိမ်မှာလိုပါပဲ။ ဒီအသင်းရဲ့ လူစာရင်းမှာ တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတာ တကယ်မိုက်ပါတယ်။ အားလုံးအတူတူ အောင်မြင်မှုတွေ ရနိုင်ပါတယ်။ ကျွန်တော် ဒီမှာ အရမ်းပဲ ပျော်ပါတယ်။ "


လို့ ဂါဘရီရယ်က ဆိုပါတယ်။ ဂါဘရီရယ်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ၃၁ ပွဲ ကစားထားပါတယ်။ သူဟာ အာဆင်နယ်အသင်းနွေရာသီအပြောင်းအရွေ့ကပဲ ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ နဲ့  ခေါ်ယူထားခဲ့တဲ့ ဘန်ဝှိုက်နဲ့ အတွဲညီစွာ အာဆင်နယ်နောက်တန်းမှာ ကစားပေးထားတာပါ။ ဂါဘရီရယ်ဟာ မာမာကျောကျော တွန်းတွန်းတိုက်တိုက် ကစားတတ်ပြီး ဘန်ဝှိုက်ကတော့ တည်တည်ငြိမ်ငြိမ် ကစားတတ်ပုံနဲ့ အာဆင်နယ်နောက်တန်းမှာ နှစ်ယောက်ဟာ ဟန်ချက်ညီညီ ကစားထားပါတယ်။ 


ဂါဘရီရယ်ဟာ ဘောလုံးပေးပို့မှု အောင်မြင်နှုန်းဟာ ၈၉.၄ ရာခိုင်နှုန်းရှိပြီး ဘယ်ခြေသန်တဲ့ ကစားသမားတွေထဲမှာဆိုရင် ဒါဟာ ထိပ်တန်းအဆင့်ရှိတယ်ဆိုတာကို ကိန်းဂဏန်းအရသတ်မှတ်နိုင်ပါတယ်။ စပိန်သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် သူတို့ရဲ့ ကစားသမားတွေကို အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ထိုကဲ့သို့ အလိုက်ပေးကမ်းလှမ်းဖို့ အတွက် လျာထားခံရတဲ့ ကစားသမားစာရင်းမှာ ယူနိုက်တက် ကစားသမားဟောင်း မာဖစ် ဒီပေး

နဲ့ ဂိုးသမား နက်တိုတို့ ဖြစ်ကြပါတယ်။ 


အာဆင်နယ်အနေနဲ့ ရာသီကုန်လျှင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့ လာကာဇက်နဲ့ အန်ကီတာ တို့နေရာမှာ ဖြည့်တင်းနိုင်ဖို့ မာဖစ်ကတော့ ထည့်စဉ်းစားစရာဖြစ်ပါတယ်။ နယ်သာလန်သား ဒီပေးဟာပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တာပါ။ သူဟာ အသင်းကို နည်းပြဇာဗီကိုင်တွယ်ပြီးနောက် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ နောက်တန်းကစားသမား ဂျရက်ပီကေး၊ ဒဏ်ရာရနေတဲ့ ဆယ်မြူရယ် အမ်တီတီ ၊ဆလီမက် လင်ဂလက် တို့ရဲ့ နေရာမှာ ဖြည့်တင်း အစားထိုးနိုင်ဖို့ ဂါဘရီရယ် မာဂယ်ဟေးကို ခေါ်ယူချင်နေတာပါ။ 


#အာဆင်နယ် #ဘာစီလိုနာ #အပြောင်းအရွှေ့ #မာဂယ်ဟေးစ်