ရှေ့သို့
Image

လူးဝစ်ဒီယက်ကစားတဲ့ ပွဲနှစ်ပွဲကို ကြည့်ခဲ့ပြီးနောက် ကင်းထောက်အဖွဲ့ရဲ့ အကြံပေးမှုဖြင့် ခေါ်ယူခဲ့တဲ့ လီဗာပူး

11:38 AM, 14 April

ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူးကို ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ကောင်းကောင်း ခြေစွမ်းပြခဲ့ပြီး လီဗာပူးအသင်းရဲ့ ကစားသမား ရှာဖွေရေးအဖွဲ့ရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ 


ဒီနှစ်မှာလဲ လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ်မှာ ကောင်းကောင်းစွမ်းဆောင်ထားနိုင်ခဲ့တဲ့အတွက် လီဗာပူးအနေနဲ့ ကစားသမားကို ခေါ်ယူရင်းနှီးမြှုပ်နှံရတာ တန်တယ်လို့ ဆိုလို့ရပါတယ်။ 

ကိုလံဘီယာသားဟာ ဇန်နဝါရီအပြောင်းအရွေ့မှာ လီဗာပူးအသင်းကို ပြောင်းရွေ့ကြေး ပေါင် ၃၇.၅ သန်း‌နဲ့ ပြောင်းရွေ့လာခဲ့ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ထပ်တိုးကြေးတွေနဲ့ ပေါင် သန်း ၅၀ အထိ ဖြစ်နိုင်ပါတယ်။ 


ဒီယက်စ်ဟာ ‌ရာသီဝက်မှာ လီဗာပူးအသင်းထံ မရောက်မီ ပေါ်တိုအသင်းမှာ သွင်းဂိုး ၁၆ ဂိုးသွင်းယူထားခဲ့ပါတယ်။ ဒါအပြင် ပေါ်တိုအသင်းအတွက် ဥရောပပြိုင်ပွဲမှာလဲ ဒီယက်က အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နောက်ဆုံးဥရောပပွဲစဉ် ၈ ပွဲ ကို ပေါ်တိုအသင်းအတွက် ကစားခဲ့ပါတယ်။ 


ခရစ်တီယာနိုရဲ့ ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးထွက်ခွာခဲ့ရပါတယ်။ ထို့အပြင် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာလဲ ဒီယက်ဟာ ပေါ်တိုအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ထိုပွဲစဉ်တွေက ခြေစွမ်းတွေဟာ ဒီယက်ကို မှတ်တမ်းကောင်းတွေ ဖြစ်စေခဲ့ပြီး လီဗာပူးအသင်းရဲ့ ကစားသမားရှာဖွေသူတွေအတွက် အာရုံစိုက်မိစရာဖြစ်စေခဲ့ပါတယ်။ 


The Atlantic မှာ 


"ကျွန်တော်တို့ ပေါ်တိုအသင်းရဲ့ ပွဲတွေအများကြီးကို ကြည့်ခဲ့ပါတယ်။ ဒီနှစ်ပွဲတွေတင်မဟုတ်ပဲ မနှစ်က ပွဲတွေကိုလဲကြည့်ခဲ့ပါတယ်။ ဥပမာဆိုရင်  ဂျူဗင်တပ်နဲ့ မန်စီးတီးတို့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲတွေမှာ ပေါ်တိုအသင်းအတွက် ဒီယက်ဟာ ကောင်းကောင်း ကစားပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂျူလီယန်ဝက်ကနေ တဆင့် အစီရင်ခံစာတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရေးအဖွဲ့ထံက အစီရင်ခံစာတွေမှာ ဒီယက်အတွက် ကောင်းတဲ့ အစီရင်ခံမှုတွေ ရရှိခဲ့ပြီး ခေါ်ယူဖို့အတွက် လွယ်လွယ်ကူကူရွေးချယ်

နိုင်ခဲ့ပါတယ်။ "


လို့ လီဗာပူးအသင်းရဲ့ လက်ထောက်နည်းပြ ပက်လင်ဂျာက ဆိုပါတယ်။ ဒီယက်ဟာ မနှစ်က ပေါ်တိုအသင်း ချဲလ်ဆီးအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလဲ ဒီယက်ဟာ ပေါ်တိုအသင်းမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကနဦးက ဒီယက်ကို နွေရာသီအပြောင်းအရွေ့မှာ ခေါ်ယူဖို့စီစဉ်ထားပေမယ့် တော့တင်ဟမ်အသင်းကလဲ ကစားသမားကို ခေါ်ယူချင်လာတာကြောင့် ဆောင်းရာသီအပြောင်းအရွေ့မှာပဲ အသင်းထံ ခေါ်ယူခဲ့ပါတယ်။


ဒီယက်ဟာ လီဗာပူးအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ကို FA ဖလားပွဲစဉ် ကာဒစ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ လက်စတာနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ကာ အသင်းအတွက် ခြေစွမ်းကောင်းပြသနိုင်ခဲ့လို့ ပရိတ်သတ်တွေက အရမ်းပဲ ‌သဘောကျခဲ့ကြပါတယ်။ သူဟယ အသင်းရဲ့ တိုက်စစ်မှာ နည်းပြ ယာဂင်ကလော့အတွက် ဦးစားပေး ရွေးချယ်စရာ ကစားသမားတစ်ယောက် အဖြစ် ခပ်မြန်မြန်ပဲ  ဖြစ်လာခဲ့ပါတယ်။ 


နည်းပြ ကလော့ကလဲ ဒီယက်ရဲ့ လေ့ကျင့်ရေးမှာ ပျော်ရွှင်စွာကစားနိုင်မှုကို အံ့ဩ ချီးကျူးလိုက်ပါတယ်။ 


"သူလေ့ကျင့်ရေးကို ဘယ်လောက် နှစ်သက်သလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ကျွန်တော်သူ့လိုကစားသမားကို အရင်က မြင်ဖူးရဲ့လားတောင်မသိပါဘူး။ ပြောခဲ့သလိုပဲ သူဟာလေ့ကျင့်ရေးမှာ အမြဲပြုံးရွှင်နေတာပါပဲ။ တကယ်ပါပဲ။ကျွန်တော်တော့ မပြောတတ်ဘူး။ ကျန်တာကတော့ အသင်းနဲ့ သူမြန်မြန်အသားကျတာပါပဲ။ ဘယ်လိုများ ဒီလောက်မြန်မြန်အသားကျရသလဲဆိုတာလဲ မသိပါဘူး။ "


"သူတို့အားလုံးပျော်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ထဲက ကျွန်တော်တို့ ခေါ်ယူထားတဲ့ ကစားသမားတွေအားလုံး အသင်းကိုရောက်တဲ့အခါ ပျော်ကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဆိုးရွားတဲ့ နေရာတစ်ခုမှ မဟုတ်တာပဲ။ လူးဝစ်အသင်းကို ရောက်တာ နှစ်လနီးပါးရှိပါပြီ။ နှစ်လလားကျွန်တော် မသေချာပါဘူး။ သူလေ့ကျင့်ရေးမှာ ပျော်ရွှင်မနေဘူးဆိုတာ မရှိသလောက်ပါပဲ။ "


လို့ ဆိုပါတယ်။


#လီဗာပူး #ကိုလံဘီယာ #ဒီယက်စ် #ချန်ပီယံလိဂ် #ပေါ်တို