ရှေ့သို့
Image

ဒီဘရိုင်းနဲ့ ဝေါ်လ်ကာတို့ရဲ့ ဒဏ်ရာတွေကြောင့် မန်စီးတီး ဒုက္ခလှလှတွေ့နိုင်တယ်လို့ ဂွါဒီယိုလာဝန်ခံ

8:13 AM, 14 April

ပက် ဂွါဒီယိုလာက အက်သလက်တီကိုနဲ့ပွဲစဉ်မှာ ကီဗင် ဒီဘရိုင်းနဲ့ ကိုင်လီ ဝေါ်လ်ကာတို့ ဒဏ်ရာရခဲ့ပြီးနောက် မန်စီးတီးအသင်း ဒုက္ခလှလှတွေ့နိုင်တယ်လို့ ဝန်ခံသွားခဲပါတယ်။

အများမျှော်လင့်ထားတဲ့အတိုင်းပဲ ဝန်ဒါ မက်ထရိုပိုလီတာနိုကွင်းထဲ အက်သလက်တီကိုရဲ့ ခပ်ကြမ်းကြမ်း ကစားမှုတွေကြောင့် စီးတီးကစားသမားတွေ ဒဏ်ရာရခဲ့ကြပါတယ်။

မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဂိုးမရှိသရေရအောင် ကစားခဲ့ပြီးနောက် ၂ကျော့ပေါင်းရလဒ် ၁-၀ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်း ၈စက္ကန့်လောက်ပဲခြားကာ ဒီဘရိုင်းနဲ့ ဝေါ်လ်ကာတို့ကို လူစားလဲခဲ့ရချိန်မှာတော့ ဂွါဒီယိုလာတစ်ယောက် အံ့အားသင့်သင့်လျက် ရှိနေပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ ကြီးမားတဲ့ ဒုက္ခနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် လွန်ခဲ့တဲ့ ၃ရက်အကြာက ဒီကိုလာပြီး ကစားခဲ့ကာ အခု ဒဏ်ရာအများအပြား ရခဲ့တာကြောင့် လာမယ့်အပတ်တွေအတွင်း ဘာဖြစ်မယ်ဆိုတာ မသိပေမဲ့ ဒီနေ့ကတော့ မန်စီးတီးအသင်း သမိုင်းတစ်လျောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ကြိမ်မြောက် တက်နိုင်ခဲ့တာကြောင့် အောင်ပွဲခံရမှာပါ”

“ကျွန်တော်တို့ အမြဲတမ်းကြီးတော့ ၄၊ ၅ဂိုး နိုင်ချင်လို့ မရပါဘူး။ ကျွန်တော်တို့က လူသားတွေဖြစ်ပြီး လီဗာပူးနဲ့ ပွဲကျပ်ကစားပြီးမှ ဒီပွဲကန်ရတာပါ”လို့ ပြောခဲ့ပါတယ်။

ယခင်က ဒဏ်ရာအများအပြား ရဖူးတဲ့ ဒီဘရိုင်းဟာ ဘောလုံးနောက် ပြေးလိုက်ရင်း ကြွက်သားဒဏ်ရာရသွားပုံပေါ်ပါတယ်။

ဘယ်လ်ဂျီယံသားတစ်ယောက် ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားခဲ့ရကာ အသေးစားဒဏ်ရာသာ ဖြစ်စေဖို့ စီးတီးက မျှော်လင့်နေပါတယ်။

ဝေါ်လ်ကာကတော့ ခြေကျင်းဝတ်မှာ ကြီးမားတဲ့ ဒဏ်ရာရခဲ့ဟန်ရှိပြီး ဆက်ကစားဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်တော့တာကြောင့် လူစားလဲခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ ဖလား၃လုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီး လာမယ့် ၆ပတ်အတွင်း ၁၂ပွဲကစားရဖို့ ရှိနေပါတယ်။

လာမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ဒီဘရိုင်းနဲ့ ဝေါ်လ်ကာတို့ ပြန်ပါလာဖွယ် မရှိတာကြောင့် ကြိုးကြာနီတွေအတွက် အသာရသွားနိုင်ပါတယ်။

#မန်စီးတီး #အက်သလက်တီကို #ဒီဘရိုင်း #ကိုင်လီဝေါ်ကာ #ချန်ပီယံလိဂ်