ရှေ့သို့
Image

ဘာကာမှာ ဒမ်ဘီလီကို ဆက်နေစေချင်တဲ့ အူဘာမီးယန်း

2:14 PM, 11 April

စနေနေ့က လီဗန်တေးကို ၃-၂ နဲ့အနိုင်ရတဲ့ပွဲမှာ တွဲဖက်ကစားပြီးနောက်တစ်ဂိုး ဂိုးသွားတဲ့နောက်မှာတော့ ဒမ်ဘီလီကို ဘာကာမှာဆက်ထားသင့်ကြောင်း အူဘာမီးယန်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင် အဆိုပါကစားသမားဟာ ဘာကာအသင်းရဲ့ပထမဆုံးသွင်းဂိုးကို ဒမ်ဘီလီရဲ့ တိကျတဲ့ဖြတ်တင်ပေးပို့မှုကြောင့် သွင်းယူပြီးနောက်မှာတော့ သူ့အသင်းဖော်နဲ့ပက်သက်ပြီးမေးတဲ့အခါမှာ “သူ အသင်းမှာဆက်နေဦးမှဖြစ်မှာပါ”လို့ ခိုင်မာစွာပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ ဇန်နဝါရီလက ဘာကာကိုရောက်ရှိလာတည်းက ယခုထိ ၁၄ ပွဲမှာ ၁၀ ဂိုးသွင်းယူနိုင်တဲ့အထိ ကစားထားတာဖြစ်ပေမဲ့လို့ ဒါဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းမဟုတ်ဘူးလို့ ဝန်ခံထားပါတယ်။

“ပထမပိုင်းမှာတော့ ကျွန်တော်တို့ သိပ်ပြီး အချိတ်အဆက်မမိဘူး။ ဒုတိယပိုင်းမှာ တိုးတက်လာတယ်။ ပိုပြီးအချိတ်အဆက်မိမိနဲ့ကစားတဲ့အခါ နိုင်နိုင်ခြေတွေ ပိုများလာတာမျိုး ဖြစ်သွားတာပါပဲ။

ပီဒရီနဲ့ဂါဗီဝင်လာတော့ သူတို့ကစားတာတော်တော်ကောင်းတယ်။ ကျွန်တော်တို့လည်း ယုံကြည်မှုအပြည့်ပဲဆိုပေမဲ့ သူတို့ဝင်လာပြီး သွင်းသွားတော့ တော်တော်ပေ‌ျာ်သွားတယ်ဗျ။ ဘာလို့ဆို ပွဲကလည်း တကယ်ကျပ်လို့ပါ။

အော့စ်မာနေးက ကျွန်တော့်ကို သေချာသိတယ်လို့ထင်တယ်။ သူ ညာဖက်ကနေ ဘောလုံးရလာပြီဆို ကျွန်တော်အသင့်ပြင်ထားရတယ်။‌ နောက်တန်းတွေ ကျွန်တော့်နားပိုကပ်လာတာကတော့ ပုံမှန်ပါပဲ။ 

ကျွန်တော် ပထမပိုင်းမှာတော့ သိပ်အဆင်မပြေပေမဲ့ ဒုတိယပိုင်းမှာ တိုးတက်လာတယ်။ ကျွန်တော်တို့တွေ ပိုပြီး အချိတ်အဆက်မိမိနဲ့ ကစားရမယ်။ ကျွန်တော်လိုနေတာလည်း အဲဒါပါပဲ” လို့ အူဘာမီးယန်းက ဆိုပါတယ်။

ဘာကာဟာ အနိုင်ရလဒ်ကြောင့် ဒုတိယနေရာမှ ပိုသေချာသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အမှတ်တွေကွာနေသော်ငြားလည်း အက်သလက်တီကိုအသင်းနဲ့ကတော့ သုံးမှတ်သာနေတာဖြစ်ပြီး နှစ်သင်းလုံးတစ်ပွဲပိုနေတာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #လီဗန်တေး #အူဘာမီယန်း #ဒမ်ဘီလီ