ရှေ့သို့
Image

လီဗန်တေးနဲ့ပွဲမှာ ကယ်တင်ရှင် ဖြစ်ခဲ့တဲ့ လုခ်ဒီဂျောင်ကို ဇာဗီ အထူးချီးကျူး

1:26 PM, 11 April

ဘာစီလိုနာနည်းပြ ဇာဗီက ယမန်နေ့ည လီဗန်တေးနဲ့ပွဲစဉ် နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ လုခ်ဒီဂျောင်ကို တိုက်စစ်မှူးကောင်းတစ်ဦးအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

ပင်နယ်တီ၃လုံးရခဲ့တဲ့ လီဗန်တေးကြောင့် ဘာစီလိုနာတို့ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

အားလုံးက သရေပွဲနဲ့ပြီးပြီလို့ ထင်မှတ်နေကြချိန် ဒီဂျောင်က အယ်ဘာရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ကာ ဘာကာအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာရဲ့ အနိုင်၃မှတ်မှာ ဒီဂျောင်ရဲ့ဂိုးအပြင် ဂိုးသမား တာစတီဂန်ရဲ့ ပင်နယ်တီကာကွယ်မှုကလည်း အရေးပါခဲ့ပါတယ်။

ဇာဗီက “အရေးကြီးတဲ့ အခိုက်အတန့်တွေက မာ့ခ်ရဲ့ ကာကွယ်မှုနဲ့ လုခ်ရဲ့ ဂိုးတို့ပါ။ နောက်ထပ် အရေးပါပြီး အသေးစိတ်ကျတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာဂိုးသမားကောင်းနဲ့ တိုက်စစ်မှူးကောင်း ရှိနေတာပါ။ သူတို့ အကောင်းဆုံး အားထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်”

“ပထမပိုင်းကတော့ လုံးဝမကောင်းခဲ့ပါဘူး။ အသင်းက ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေပုံပါပဲ။ ကြာသပတေးညမှာ ကစားရခြင်းက ကျွန်တော်တို့အပေါ် ဝန်ပိစေတုန်းပါပဲ။ ဒုတိယပိုင်းမှာတော့ အများကြီး ပိုကောင်းလာပါတယ်”

“အသင်းက ကောင်းကောင်းအထိုင်ကျခဲ့ပါတယ်။ အလုပ်ကြိုးစားပြီး အဆုံးထိ ယုံကြည်မှုရှိခြင်းက အောင်မြင်မှုတွေ ရစေပါတယ်။ လုခ်က ကျွန်တော်တို့အတွက် အများကြီး ကြိုးစားပေးခဲ့ပါတယ်။ သူက တကယ့် ပရော်ဖက်ရှင်နယ်ကစားသမားကောင်း၁ဦးဖြစ်ပြီး သွင်းဂိုးနဲ့လည်း ထိုက်တန်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဇာဗီက “အလှည့်အပြောင်းက အရမ်းကောင်းပြီး ဒီတိုင်း ဆက်သွားရမှာဖြစ်ပေမဲ့ ရီးရဲလ်က ရှေ့ကရှုံးနေတာမျိုး မရှိတာကြောင့် လိဂ်က ကစားရတာ အရမ်းခက်ပါတယ်”

“သူတို့မှာ ခက်ခဲတဲ့ ပွဲတွေရှိသလျု ကျွန်တော်တို့မှာလည်း ရှိပါတယ်။ ဒီ၂ပတ်အတွင်း သူတို့အမှတ်လျော့မယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ခုခု မျှော်လင့်လို့ရနိုင်မှာပါ”လို့ ဆိုခဲ့ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #လီဗန်တေး #လုခ်ဒီဂျောင်