ရှေ့သို့
Image

လီဗန်တေးကို ပင်နယ်တီ၃လုံးအကြောပေးပြီး အဝေးကွင်းမှာ အနိုင်ကစားခဲ့တဲ့ ဘာစီလိုနာ

9:32 AM, 11 April

ဘာစီလိုနာအသင်းဟာ ယမန်နေ့ည ပင်နယ်တီ ၃လုံးရခဲ့တဲ့ လီဗန်တေးကို နောက်ကနေ လိုက်ကစားကာ နိုင်ပွဲရအောင်ယူသွားခဲ့ပါတယ်။

ပွဲချိန် ၅၂မိနစ်မှ ပွဲက စတယ်လို့ပြောလို့ရပြီး နောက်ခံလူ  ဆွန်ကို ဒန်နီအဲဗက်စ် ဆွဲချရာက​နေ လီဗန်တေးတို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး မိုရာလက်စ်က အပိုင်ကန်သွင်းသွားခဲ့ပါတယ်။

၄မိနစ်အကြာမှာ အဲရစ် ဂါစီယာ လက်နဲ့ထိတယ်ဆိုပြီး လီဗန်းတေတို့ ဒုတိယပင်နယ်တီ ထပ်ရခဲ့ပေမဲ့ ရော်ဂျာရဲ့ ကန်ချက်ကို ဂိုးသမား တာစတီဂန် ကာကွယ်သွားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဒမ်ဘီလီရဲ့ ဖြတ်တင်ဘောကနေ အူဘာမီယန်းက ခေါင်းတိုက်ကာ ချေပဂိုး၊ ၆၃မိနစ်မှာ ဂါဗီက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။

 ၈၃မိနစ်မှာ မက်ဆီ ဂိုမက်ဇ်ကို လန်ဂလက် ဧရိယာထဲ  လူချကစားတယ်ဆိုပြီး လီဗန်တေးတို့ တတိယမြောက် ပင်နယ်တီ ရခဲ့ကာ လူစားဝင်လာတဲ့ မိုလီရိုက တည်တည်ငြိမ်ငြိမ်ပဲ ချေပဂိုးအဖြစ် ကန်သွင်းသွားခဲ့ပါတယ်။

တန်းဆင်းဇုန်ကလွတ်ဖို့ ၇မှတ်ကွာနေတဲ့ လီဗန်တေးတို့ ၁မှတ်ရပြီလို့ ထင်မှတ်ခဲ့ပေမဲ့ နာကျင်အချိန်မှာ ဂျော်ဒီ အယ်ဘာရဲ့ ဖြတ်တင်ဘောကနေ လုခ် ဒီဂျောင်က ခေါင်းတိုက်သွင်းပြီး အသည်းခွဲသွားခဲ့ပါတယ်။

လီဗန်တေးအသင်း ပွဲကစားဖို့ ၇ပွဲသာ ကျန်တော့ချိန် တန်းဆင်းဇုန်ထဲက လွတ်အောင် ရုန်းရတော့မှာဖြစ်ပြီး ယနေ့ညမှာတော့ ပင်နယ်တီ ၃လုံးရတာတောင် နိုင်ပွဲမရခဲ့တဲ့အပေါ် အံ့အားသင့်နေမှာ သေချာပါတယ်။

ဘာစီလိုနာကတော့ တောက်လျောက် ခြေစွမ်းပြနေကာ လာလီဂါနောက်ဆုံး ၁၅ပွဲမှာ ၁၁ပွဲနိုင်ပြီး ၄ပွဲ သရေကျထားခဲ့ပါတယ်။

ယမန်နေ့ညပွဲမှာ ခြေစွမ်းက အားရစရာ မရှိခဲ့ပေမဲ့ တာစတီဂန်ရဲ့ ပင်နယ်တီကာကွယ်မှုက အသက်ဖြစ်ခဲ့ပြီး လက်ရှိ ရီးရဲလ်နဲ့ ၁၂မှတ်အကွာ အဆင့်၂နေရာမှာ ရှိနေခဲ့ပါတယ်။

 

#လာလီဂါ #ဘာစီလိုနာ #လီဗန်တေး