ရှေ့သို့
Image

သူ့ရဲ့အနာဂတ်က နည်းပြသစ်အပေါ် မူတည်ကြောင်း ပြောလာတဲ့ နည်းပြရန်းနစ်

12:18 PM, 9 April

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့ဖ်ရန်နစ်က သူ့ရဲ့အနာဂတ် ရှင်းလင်းဖို့ဟာ အသင်းရဲ့ နည်းပြသစ်အပေါ်မှာ မူတည်နေကြောင်း ပြောခဲ့ပါတယ်။ ယာယီနည်းပြကြီးက လက်ရှိမှာ ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြသစ် ဖြစ်လာဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်အကြောင်းကိုတော့ မပြောခဲ့ပဲ ဒီနေ့ညနေမှာ ကစားရမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကိုသာ အာရုံစိုက်ထားကြောင်း ပြောသွားပါတယ်။ 

ရန်နစ်ရဲ့ အနာဂတ်နဲ့ပက်သက်လို့ သြစတြီးယားဘောလုံးအဖွဲ့ချုပ်က သူတို့အသင်းရဲ့ နည်းပြအသစ် ၆၃ နှစ်အရွယ် ဝါရင့်နည်းပြကြီး ခန့်အပ်ချင်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တဲ့အကြောင်းကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ပြီး ရန်နစ်ကတော့ ရာသီကုန်မှာ ယူနိုက်တက်နဲ့အုပ်ချုပ်ရေးအပိုင်းမှာ ၂ နှစ်တာဝန်ထမ်းဆောင်မယ့် စာချုပ်ကိစ္စကို ပြန်ဆွေးနွေးသွားမယ်လို့ပဲ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် နည်းပြသစ်ဖြစ်လာမယ့်သူကို ဘာတွေတောင်းဆိုထားလဲလို့ မေးမြန်းရာမှာတော့ ရန်နစ်က “ ဒီကိစ္စကျွန်တော်ပြောပြီးပါပြီ၊ ဘယ်နည်းပြပဲရောက်လာလာ ဒါက အသင်းရဲ့အတွင်းရေးပါ။ လက်ရှိလူစာရင်းအပေါ် ကျွန်တော့်ရဲ့အမြင်ကို ပြောပြီးပါပြီ၊ ကျန်တာကတော့ နည်းပြသစ်နဲ့ပဲ ဆိုင်တာကြောင့် ကျွန်တော်ဖြေလို့မရပါဘူး။ နည်းပြသစ်သာ ကျွန်တော့်ရဲ့ အမြင်တွေကို စိတ်ဝင်စားတယ်ဆိုရင် ကူညီပေးသွားမှာပါ။ အဲ့ဒါကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရုံပဲ ရှိပါတယ် ” လို့ ပြောခဲ့ပါတယ်။ 

နည်းပြသစ်ကိုပေးချင်တဲ့ အရေးအကြီးဆုံး အကြံဉာဏ်က ဘာဖြစ်မလဲလို့ မေးမြန်းရာမှာတော့ “ နည်းပြသစ်ကြေညာပြီးလို့ သူက ကျွန်တော့်ဆီက အကြံဉာဏ်လိုချင်တယ်ဆိုရင်တော့ ပျော်ပျော်ကြီး ပြောပြပေးမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ အရာအားလုံးက သီးသန့်လုပ်နေဆဲ ကိစ္စတွေချည့် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးဖို့တော့ လိုပါတယ် ” လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အတွက်တော့ ဒီနွေရာသီက တော်တော်လေး အလုပ်ရှုပ်မယ့် ကာလဖြစ်ပြီး နည်းပြသစ်ခန့်အပ်မှုတင်မကပဲ အသင်းကနေ စာချုပ်သက်တမ်းပြည့်လို့ ထွက်ခွာမယ့် ကစားသမား ၆ ယောက်လောက်ရှိနေတာကြောင့် လူစာရင်းကိုလည်း ကြီးကြီးမားမား ပြောင်းလဲရတော့မှာဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်မှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ကစားသမားတွေကတော့ ပေါလ်ပေါ့ဂ်ဘာ၊ ဂျက်ဆီလင်ဂတ်၊ အက်ဒီဆင်ကာဗာနီ၊ ဂျူအန်မာတာ၊ တာဟစ်ချောင်နဲ့ လီဂရန့်တို့ပဲ ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ရန်နစ် #တန်ဟတ်