ရှေ့သို့
Image

လာဇီယိုက လူငယ်ကစားသမားလေးကို ခေါ်ယူဖို့ ပီအက်စ်ဂျီကို မက်ဆီ တိုက်တွန်း

10:37 AM, 9 April

အီတလီမှာရှိတဲ့ အစီရင်ခံစာတွေအရ လီယွန်နယ် မက်ဆီဟာ လာဇီယို အသင်းမှာ ကစားနေတဲ့ လူငယ်ကစားကြယ်ပွင့် လူကာရိုမဲရိုကို သဘောကျနေပြီး သူရဲ့ ကလပ် ပီအက်စ်ဂျီအသင်းကို ခေါ်ယူဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ 

ရိုမဲရိုဟာ မတ်လက အာဂျင်တီးနားအသင်းကြီးရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပြီး စီနီယာ ကစားသမားကြီးတွေ ဖြစ်တဲ့ ဒီမာရီယာနဲ့ မက်ဆီတို့လိုပဲ နည်းပြ စကိုလာရီရဲ့ အသင်းမှာ ပါဝင်ဖို့ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။ 

လာမယ့် နိုဝင်ဘာလမှာမှ။ အသက် ၁၈ နှစ်ပြည့်မယ့် ရိုမဲရိုကို အသင်းတော်တော်များများက ခေါ်ယူချင်နေကြပါတယ်။ 

ထို့အတူ မက်ဆီကလဲ သူကစားနေတဲ့ အသင်းထံ ခေါ်ယူလိုနေပါတယ်။ 

အီတလီ က အစီရင်ခံစာတွေအရ မက်ဆီဟာ လာဇီယိုအသင်းနဲ့ ၂၀၂၃ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လူငယ်ကစားသမားလေး ရိုမဲရိုရဲ့ အရည်အသွေးကို သဘောကျနေတယ်လို့ သိရပါတယ်။ 

Corriere Dello sport သတင်းအဆိုအရ မက်ဆီက ထိုလူငယ်ကစားသမားလေးကိုခေါ်ယူဖို့ ပီအက်စ်ဂျီလအသင်းကိုပါ တိုက်တွန်းတောင်းဆိုထားပြီးပြီလို့ သိရပြီး ပီအက်စ်ဂျီ ဒါရိုက်တာတွေကလဲ ထိုကစားသမားလေးကို နွေရာသီမှာ ခေါ်ယူဖို့  စဉ်းစားနေတယ်လို့ သိရပါတယ်။

 သို့သော်လဲ လာဇီယိုက ထိုကစားသမားလေးကို အသက် ၁၈ နှစ်ပြည့်တဲ့ နိုဝင်ဘာလမှာ အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ 

ရိုမဲရိုဟာ လက်ရှိကလပ်အသင်းမှာ ဆလာနီတာနား အသင်းကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပထမဆုံးပွဲထွက် ကစားသမားအဖြစ် ကစားခဲ့ပြီး အသင်းအတွက် စုစုပေါင်း လေးပွဲသာ ကစားခဲ့ပေမယ့် လာဇီယိုအသင်းနဲ့ နည်းပြ ဆာရီတို့ဟာ အသင်းမှာ ရိုမဲရိုရဲ့ တိုးတက်မှုနဲ့ ပတ်သက်လို့ ကျေနပ်နေကြပါတယ်။

#လာဇီယို #ရိုမဲရိုး #အီတလီ #ပီအက်စ်ဂျီ #မက်ဆီ