ရှေ့သို့
Image

လိဂ်ရဲ့ထိပ်ဆုံးနေရာကိုရဖို့ လီဗာပူး ပွဲကြမ်းလိမ့်မယ်လို့ပြောလိုက်တဲ့ ဂမ်ဒိုဂန်

4:37 PM, 8 April

လာမယ့်ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးအသင်းက သူ့အသင်းအပေါ်ကြမ်းလိမ့်မယ်လို့ မန်စီးတီးကွင်းလယ်လူ ဂမ်ဒိုနန်က ဆိုပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူအသင်းကို အိမ်ရှင်အသင်းအဖြစ် လက်ခံကစားပေးရမှာဖြစ်ပြီး အသင်းနှစ်သင်းဟာ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ မန်စီးတီးဟာ လီဗာပူးကို အနိုင်ရခဲ့မယ်ဆိုရင် လေးမှတ်အသာနဲ့ ထိပ်ဆုံးနေရာမှာ အသာစီးကနေ ရပ်တည်နေမှာဖြစ်ပြီး တကယ်လို့ မန်စီးတီးသာ ဖလားရခဲ့မယ်ဆိုရင်တော့ ငါးနှစ်အတွင်းမှာ လေးကြိမ်မြောက်ဖလား ရသွားမှာလည်းဖြစ်ပါတယ်။

ဒီရာသီမှာတော့ မန်းစီးတီးကို တားနိုင်တဲ့ အဟန့်အတားမျိုးတွေကို မန်းစီးတီးဟာ ကျော်ဖြတ်နိုင်နေတာပဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ပကျော့ကို - နဲ့ဦဆောင်ထားတဲ့ ချန်ပီယံလိဂ် ဒုကျော့ပွဲအတွက် မန်စီးတီးဟာ အက်ကသလက်တီကိုနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ နောက်အပတ်ရဲ့စနေမှာ အက်ဖ်နေဖလားအတွက် မန်းစီးတီးဟာ လီဗာပူးနဲ့ ထပ်မံတွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ တနင်္ဂနွေနေ့လည်မှာကစားမယ့်ပွဲမှာ နှစ်သင်းလုံးအတွက် အဆုံးအဖြတ်ပွဲလည်း ဖြစ်ပါတယ်။ ဧည့်သည်လီဗာပူးအနေနဲ့လည်း အိမ်ရှင်မန်စီးတီးကို အနိုင်ရရင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ရောက်သွားမှာဖြစ်သလို ဖလားရနိုင်ဖို့ အရှိန်ရမှာကိုလည်း သိနေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၇ ပွဲနိုင်ထားသာပြီး ခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပေမဲ့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ တစ်မှတ်ကွာနေတာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ရှေ့မှာတွေ့ထားတဲ့ပွဲမှာ - နဲ့ သရေကျထားတာဖြစ်လို့ တနင်္ဂနွေနေ့ပွဲဟာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြဦးမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။

အသင်းနှစ်သင်းလုံးဟာ ဒီရာသီရဲ့ အက်ဖ်အေဖလားမှာရော ချန်ပီယံလိဂ်မှာရောပါဝင်နေတာဖြစ်ပြီး ကရာဘောင်းဖလားရပြီးသွားတဲ့ လီဗာပူးဟာ နောက်ထပ်ဖလားသုံးလုံးစလုံးကို ယူပြီး တစ်ရာသီထဲ  ဖလားလေးလုံးယူနိုင်တဲ့အခြေအနေပါ။ ဒီအခြေအနေမှာ လီဗာပူးအနေနဲ့ မန်စီးတီးအိမ်ကွင်းမှာ မန်စီးတီးအပေါ် ဝုန်းဒိုင်းကြဲနိုင်တဲ့အကြောင်းကို ဂမ်ဒိုနန်က သတိပေးထားပါတယ်။

တူရကီတီဗီချန်နယ်မှာ ဂမ်ဒိုနန်ကလီဗာပူးက အခုကမ္ဘာ့မှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ သူတို့က တော်တော်ကောင်းတဲ့ခြေစွမ်း ရထားပါတယ်။ ဒီပွဲက ခက်ခဲမှာပါ။ ကျွန်တော်တို့ကလည်း သူတို့ကို အိမ်ကွင်းမှာ အနိုင်ရချင်ပါတယ်။ အရည်အချင်းတူတဲ့ နှစ်သင်းရဲ့ ပြိုင်ပွဲပါ။ အမှားတွေ လုပ်လို့မဖြစ်ဘူး။ သူတို့က တန်ပြန်တိုက်စစ်မှာ အရမ်းကောင်းတယ်။  ကျွန်တော်တို့က‌‌ ဘောလုံးကစားရတာ ချစ်မြတ်နိုးတဲ့အသင်း။ သူတို့ကို နည်းနည်းလျှော့တွက်လိုက်တာနဲ့ ကျွန်တော်တို့ကို ပြန်သိပ်သွားလိမ်မယ်။ ကျွန်တော်တို့ သတိထားရမယ်လို့ သူက ဆိုပါတယ်။

မန်စီးတီးကလည်း ငါးရာသီအတွင်း ပရီးမီယားလိဂ်ဖလားလေးလုံးလိုချင်နေတာကြောင့် သူတို့နေရာကို ကာကွယ်နေရပါတယ်။ လီဗာပူးကလည်း ၂၀၂၀ တုန်းက သူတို့ရထားတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်သိမ်းပိုက်ပြီး ယူနိုက်တက်လို လိဂ်ဖလား အလုံး ၂၀ ရလိုနေတာဖြစ်ပါတယ်။

#လီဗာပူး #မန်စီးတီး #ဂမ်ဒိုဂန်