ရှေ့သို့
Image

ချဲလ်ဆီးအနေနဲ့ ဘာမှဆုံး ရှုံးစရာမရှိတော့ဘူးဆိုတဲ့ စိတ်ဓာတ်သွင်းထားရမယ်လို့ ခရစ္စတန်ဆန်ဆို

4:35 PM, 8 April

ချဲလ်ဆီးနောက်တန်းကစားသမား ခရစ္စတန်ဆန်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ရီးရဲမက်ဒရစ်ကို ၃-၁ နဲ့  ရှုံးနိမ့်ပြီး အသင်းအနေနဲ့ နောက်ထပ် "ဘာမှဆုံးရှုံးစရာမရှိတော့ဘူး" ဆိုတဲ့

စိတ်ဓာတ်မျိုးနဲ့ အသင်းဟာ ဆက်သွားရမယ်လို့ ဆိုလိုက်ပါတယ်။

ခရစ္စတန်ဆန်ဟာ ရီးရဲနဲ့ပွဲမှာ ချဲလ်ဆီးနောက်တန်းအတွက် ကစားခဲ့ရပြီး ဗီနီးရှပ်ဂျူနီယာနဲ့ ကာရင်ဘန်ဇီမာတို့ကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြတူချယ်အနေနဲ့ ခရစ်တီယမ်ကို နောက်တန်း ညာအစွန်မှာ ထားပြီး ကစားခိုင်းခဲ့တာက မှားယွင်းမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရပါမှာ။ ထိုပွဲမှာ ဘန်ဇီမာက သူ့ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဒုတိယမြောက် ဟက်ထရစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဘန်ဇီမာဟာ ဒီရာသီ ရီးရဲမက်ဒရစ် အသင်းအတွက် ၃၆ ပွဲ ကစားပြီး ၃၇ ဂိုးသွင်းယူထားပါတယ်။

အသက် ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ ဘန်ဇီမာဟာ ရီးရဲအတွက် နောက်ဆုံးကစားခဲ့တဲ့  ပွဲစဉ် ၇ ပွဲမှာ ၁၃ ဂိုးသွင်းယူထားခဲ့ပါတယ်။ ထိုအထဲမှာ နည်းပြ အန်ဆယ်လော့တီရဲ့ အသင်းဟောင်းချဲလ်ဆီးကို ပြန်လည်ရင်ဆိုင်ရတဲ့ ပွဲစဉ်လဲ ပါဝင်ပါတယ်။

နည်းပြတူချယ်ကတော့ ရီးရဲမက်ဒရစ်ကို ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တဲ့အပေါ် အသင်းရဲ့ အားနည်းချက်ကို ဝန်ခံခဲ့ပြီး အသင်းအနေနဲ့ ပြန်လည်အာရုံစိုက်ကာ ပရီးမီးယားလိဂ် ဆောက်သမ်တန်နဲ့ ကစားရမယ့် ပွဲအတွက် သေချာပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

ခရစ္စတန်ဆန်ကို ပထမပိုင်း ၄၅ မိနစ်အပြီးမှာ လူစားလဲခံခဲ့ပါတယ်။ သူဟာ  ချဲလ်ဆီးအသင်းရဲ့ ဝက်ဆိုက်မှာ

"နှစ်ဂိုးလိုအပ်ပါပြီ။ ခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ဒီထက်ပိုဆိုးသွားလို့ မဖြစ်ပါဘူး။ "

လို့ ရေးသားခဲ့ပါတယ်။

"ကျွန်တော်တို့ အဲ့ဒီကိုသွားပြီး စွမ်းဆောင်ရည်ကောင်းကောင်းပြသရပါမယ်။ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ကြိုးစားရပါမယ်။ အဲ့ဒါက ခက်ခဲမှာပါ။ အခု ကျွန်တော်တို့ဟာ ထိပ်တန်းအဆင့်မှာ မရှိနေဘူးဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာမှ ဆုံးရှုံးစရာမရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သွားရောက်ရင်ဆိုင်ပြီး ကျွန်တော်တို့ ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ "

ချဲလ်ဆီးအသင်းဟာ ရီးရဲနဲ့ မကစားခင် ဘရန့်ဖို့အသင်းကို ၄-၁ ဂိုးနဲ့ ရှူံးနိမ့်ထားခဲ့သေးတာပါ။

ထို့ကြောင့်အသင်းအနေနဲ့ ကစားပုံမတည်ငြိမ်တာနဲ့ ဟန်ချက်ညီမှုရစေဖို့ နည်းပြတူချယ်နဲ့အတူ ကစားသမားတွေက အတူတူ ပြန်လည် ပြင်ဆင်ပြီး ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ လက်ရှိအကောင်းဆုံးပုံစံမှာမဟုတ်ပါဘူး။ ပရိတ်သတ်ရဲ့ အားနဲ့ ပထမပိုင်း ၁၀ မိနစ် ၁၅ မိနစ် မှာ ပုံစံကောင်းရှိပါတယ်။ ရီးရဲအနေနဲ့ ပွဲတစ်ခုလုံးကို အရှိန်ထိန်းချုပ်ကစားသွားနိုင်ပါတယ်။ ကျွန်တော်တို့ နှစ်ပွဲပေါင်း ၇ ဂိုးပေးခဲ့ရပါတယ်။ ချန်ပီယံလိဂ်ပွဲတင်မဟုတ်ပါဘူး ပိတ်ရက်က ပရီးမီးယားလိဂ်ပွဲမှာလဲ ပုံစံကောင်းပျောက်ဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံးပြင်ဆင်ရပါမယ်။ "

လို့ ခရစ်တီယန်က ဆိုပါတယ်။ ပထမပိုင်းမှာ ကိုင်ဟားဗက်စ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ၂-၁ ဂိုးဆိုတဲ့ ရလဒ် ဖြစ်ခဲ့ပြီး ဂိုးသမားမန်ဒီရဲ့ အမှားကနေ ဘန်ဇီမာက ဟက်ထရစ်သွင်းဂိုး သွင်းယူခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ပွဲအပြီးအင်တာဗျူးမှာ အသင်းရဲ့ ပုံစံကောင်းမှာ ပြဿနာတွေ ရှိနေသလားဆိုတာမေးခံခဲ့ရပါတယ်။ နည်းပြကတော့ အသင်းကို စီမံခန့်ခွဲဖို့ ချည်းကပ်ရာမှာ အရှိအတိုင်း ချည်းကပ်တယ်လို့ ဆိုခဲ့ပြီး ဒီနိုင်ပွဲက အသင်းအပေါ်မှာ သံသယဝင်နေသူတွေအပေါ် နှုတ်ဆိတ်သွားစေမလားဆိုတဲ့ မေးခွန်းကိုတော့

"နည်းပြတစ်ယောက်အမြဲ သံသယရှိခံရတာတွေက အမြဲတမ်း အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ အမြဲတမ်းမေးခွန်းတွေ ထုတ်ခံရမှာပါ။ ရှုံးပွဲတွေအတွက် အပြစ်တင်ခံရမှာက နည်းပြတွေပါ။ ပြိုင်ပွဲတွေမှာ အနိုင်ရရင် ကစားသမားတွေက တာဝန်ရှိသူတွေပါ။ ဒါက ဘောလုံးပါပဲ။"

လို့ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။ 

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ခရစ္စဆက်တန်