ရှေ့သို့
Image

ဒူးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်ကြောင်း ပုံ၁ပုံနဲ့ ပရိသတ်ကို အသိပေးလိုက်တဲ့ တီယာနေး

1:29 PM, 8 April

ကီရန် တီယာနေးက ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း စကော့တလန် ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ 

အာဆင်နယ်ကြယ်ပွင့်ဟာ နိုင်ငံအသင်းအတွက် ကစားပေးနေရင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး ရာသီကုန်ထိ နားရနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

တီယာနေးဟာ ဂန်းနားတွေရဲ့ လက်ကျန်ပွဲစဉ်တွေအားလုံးကို လွဲချော်ဖို့ ရှိနေပြီး ဇွန်လမှာ ကစားမယ့် စကော့တလန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးထွက်၊ နေးရှင်းလိဂ်ပွဲစဉ်တွေကိုပါ လွဲချော်ဖို့ ရှိနေပါတယ်။

ဆဲလ်တစ်ကစားသမားဟောင်း တီယာနေးဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာဖို့ အလားအလာ ရှိသူဖြစ်ပြီး စကော့တလန်အသင်းမှာလည်း အဓိကကျတဲ့ ကစားသမား၁ဦး ဖြစ်နေခဲ့ပါတယ်။

ယခု ဒဏ်ရာက ၂သင်းစလုံးအတွက် ခါးသီးတဲ့ ထိုးနှက်ချက်ဖြစ်ပေမဲ့ ယမန်နေ့ကတော့ ကစားသမားက သတင်းကောင်းလေးကို အသိပေးလာခဲ့ပါတယ်။

တီယာနေးက ဒဏ်ရာရသွားချိန် ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

တီယာနေးက “ခွဲစိတ်မှုက အဆင်ပြေခဲ့ပါတယ်။ အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို အသိအမှတ် ပြုပါတယ်”လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တီယာနေးဟာ ပိုလန်နဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ စကော့တလန်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

စကော့တလန်သားဟာ အာဆင်နယ်အတွက်ရော၊ နိုင်ငံအသင်းအတွက်ပါ ခြေစွမ်းပြနေတာကြောင့် ရီးရဲလ်က မန်ဒီနဲ့ မာဆယ်လိုနေရာ အစားထိုးဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

#အာဆင်နယ် #တီယာနေး #စကော့တလန်