ရှေ့သို့
Image

အီတီဟတ်ကွင်းမှာ ဂုဏ်ပြုရုပ်ထုထားရှိခံရမယ့် ဆာဂျီယိုအဂူရို

9:55 PM, 7 April

ဆာဂျီယိုအဂူရိုရဲ့ ရုပ်ထုကို မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ထားရှိသွားမှာဖြစ်ပြီး မေလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်မယ်လို့ မန်စီးတီးအသင်းက ထုတ်ပြန်ကြေညာထားပါတယ်။ ထိုရုပ်တုကို ပရီးမီးယားလိဂ် ဖလားရရှိအောင် သွင်းယူပေးခဲ့တဲ့ အဂူရိုရဲ့ ဆယ်နှစ်ပြည့် ဂိုးအတွက် အထိမ်းအမှတ်အဖြစ် ရုပ်တုကို ထားရှိသွားမှာ ဖြစ်ကြောင်း အသင်းက ကြေညာထားပါတယ်။ 


၂၀၁၁-၁၂ ခုနှစ်က ပရီးမီးယားလိဂ် ဖလားအတွက် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့အပြိုင် ကြိုးစားနေခဲ့ကြပြီး ရာသီနောက်ဆုံးပွဲမတိုင်မီအထိ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ မန်စီးတီးအသင်းက အဆင့် တစ်မှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်အသင်းက အနိုင်ရခဲ့သော်လည်း တချိန်ထဲမှာ မန်စီးတီးဟာ ကျူပီအာအသင်းကို ရှုံးနိမ့်နေခဲ့ပြီး အချိန်ပို လေးမိနစ်မှာ အဂူရိုရဲ့ သွင်းဂိုးက ပွဲကို အနိုင်ရရှိစေခဲ့တဲ့အတွက်ကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပါတယ်။ 


အဂူရိုရဲ့ အသင်းဖော် ဗင်းဆင့်ကွန်ပနီနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ ရုပ်ထုတွေဟာ အီတီဟတ်ကွင်းမှာ ရှိနှင့်နေပြီး ဖြစ်ပါတယ်။ အဂူရိုရဲ့ ရုပ်ထုကိုတော့ မန်စီးတီး ပရီးမီးယားလိဂ် ဖလားရတာ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖလားရစေတဲ့ အဂူရိုရဲ့ သွင်းဂိုးရဲ့ အထိမ်းအမှတ်အဖြစ် အဂူရိုရဲ့ ရုပ်ထုကို မေလ ၁၃ ရက် နေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ 


ထိုပွဲကို ပရီးမီးယားလိဂ် ဖလားရစဉ်က မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ကစားသမားတွေ တက်ရောက်မှာဖြစ်ပြီး အဂူရိုလဲ တက်ရောက်မှာဖြစ်ပြီး အင်တာဗျူးအစီအစဉ်လဲ ပါဝင်မှာ ဖြစ်ပါတယ်။ ထိုပွဲအတွက် တက်ရောက်နိုင်ဖို့ ပရိတ်သတ် အယောက် ၂၀၀၀ ကိုလဲ မဲနှိုက်ရွေးချယ်ထားပါတယ်။ 


"မန်ချက်စတာစီးတီးအနေနဲ့ (၉၃:၂၀) (အဂူရိုအနိုင်ဂိုးသွင်းယူခဲ့တဲ့ မိနစ်) ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အီတီဟတ်မှာ ပွဲတစ်ခုကျင်းပသွားမယ်လို့ ကြေညာချင်ပါတယ်။ ထိုပွဲစဉ်ဟာ ကျူပီအာအသင်းကို အနိုင်ရရှိခဲ့တဲ့ သမိုင်းဝင်ပွဲတစ်ပွဲ ဖြစ်ပြီး နာကျင်အချိန်ပိုမှာ စီးတီးတို့အနေနဲ့ ၂ ဂိုးသွင်းယူခဲ့တာပါ။ come back လုပ်နိုင်ခဲ့တဲ့ အကောင်းဆုံးပွဲတစ်ပွဲဆိုရင်လဲ ငြင်းဖို့ လိုမယ်မထင်ပါဘူး။ ထိုနိုင်ပွဲကြောင့် နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဆာဂျီရို အဂူရိုရဲ့ ရုပ်ထုကိုလဲ ဂုဏ်ပြုဖွင့်လှစ်သွားမှာဖြစ်ပြီး ထိုရုပ်ထုကို အန်ဒီစကောက်က ဖန်တီးထားတာဖြစ်ပါတယ်။ "


လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ အဂူရိုဟာ မန်စီးတီးအသင်းမှာ ၁၀ နှစ်ကြာကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၂၆၀ ဂိုးသွင်းယူပေးခဲ့ကာ ပရီးမီးယားလိဂ် ဖလား ငါးကြိမ်ရယူနိုင်ခဲ့ပါတယ်။ အဂူရိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာကို ပြောင်းရွေ့သွားခဲ့ပေမယ့် နှလုံးရောဂါကြောင့် ဒီဇင်ဘာမှာ ကစားသမားဘဝက အနားယူခဲ့ရပါတယ်။ 


#မန်စီးတီး #အဂူရို #ဆေးလ်ဗား #ကွန်ပနီ