ရှေ့သို့
Image

တန်ဟက်အတွက် ကစားသမားသုံးယောက် ခေါ်ပေးမယ့် ယူနိုက်တက်

4:31 PM, 7 April

ယူနိုက်တက်ကတော့ ရောက်လာတော့မယ့် နည်းပြတန်ဟက်အတွက် ဟယ်ရီကိန်း၊ ဒီကလန်ရိုက်စ် နဲ့ မက်ဂင်းတို့ကို ခေါ်ယူဖို့ ရှိနေပါတယ်။ Sportmail ရဲ့သတင်းတင်ပြချက်အရတော့ သရဲနီတွေဟာ အေဂျက်အသင်းရဲ့နည်းပြကို သူတို့ရဲ့နည်းပြခန့်တော့မယ်လို့ သိရပါတယ်။

ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့ အဆိုပါ အသက် ၅၂ နှစ်အရွယ်နည်းပြတန်ဟက်ကို ခေါ်ထုတ်ဖို့အတွက် ယူနိုက်တက်အသင်းဟာ ဒက်ချ်ကလပ်အသင်းနဲ့ စကားပြောပြီးပြီလည်းဖြစ်ပါတယ်။ ထိုပြောဆိုဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ရာသီကုန်မှ စာချုပ်သက်တမ်းကုန်မယ့် တန်ဟက်ကို ယူနိုက်တက်က ကြိုတင်ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။

ပရက်စင်းအတွက်အဓိကထားမယ်ဆိုရင် အဆင့်မြင့်တင်ဖို့လိုတဲ့နေရာ အနည်းငယ်ရှိ၊ ကစားသမားအနည်းငယ်ရှိနေပါတယ်။ အေဂျက်ဟာ သူ့ကိုအရင်လက အင်တာဗျူးခဲ့တုန်းက သူသာ နည်းပြနေရာရခဲ့မယ်ဆိုရင် ပြောင်းရွှေ့ချင်တာတွေရှိကြောင်း၊ သူ့အေဂျက်အသင်းရဲ့ ကစာသမားတွေပါ ပါဝင်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်း နောက်နှစ်ရှုံးခဲ့ရင်တောင် တန်ဟက်အနေနဲ့ ဒီနွေရာသီမှာ အပြောင်းအရွှေ့လုပ်နိုင်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ နံပါတ် ၇ နေရာမှာရှိနေပြီး အဆင့် ၄ နေရာမှာ အပြိုင်အဆိုင်ဖြစ်နေတဲ့ တော့တင်ဟမ်နဲ့ အာဆင်နယ်အသင်းတို့ထက် သုံးမှတ်ကျန်နေတာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အပိုကစားသမားတွေကို ထုတ်ရောင်းပြီး ဒီနွေရာသီ စာချုပ်ကုန်မယ့် ကစားသမားတွေကို လခထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ပေါ့ဂ်ဘာ၊ လင်းဂတ်နဲ့ ကာဗာနီတို့ဟာ အသင်းကနေ ထွက်မယ့်သူတွေဖြစ်ပြီး သူတို့ထွက်လို့ရမယ့်ထဲကနေ အသင်းကို ပြန်လည်ပုံဖော်ဖို့ ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပါတယ်။

တန်ဟက်ကို နည်းပြအဖြစ်ခန့်ပြီးပါက အပြောင်းအရွှေ့ကစားသမားစာရင်းကို တန်ဟက်ကို ပြဖို့အတွက် ယူနိုက်တက်က ကြိုတင်ပြင်ဆင်ပြီးပြီလို့လည်း သိရပါတယ်။ တန်ဟက်ရဲ့ ကိုယ်ပိုင်အကြံပေးချက်တွေကို လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိပ်ဆုံးကနေ ခေါ်ယူရမယ့်ကစားသမားနှစ်ယောက်မှာ ကိန်းနဲ့ ရိုက်စ်တို့ပါဝင်ပြီး ဒီကစားသမားတွေဟာ ယူနိုက်တက်အရေးပေါ်လိုအပ်နေတဲ့နေရာက ကစားသမားတွေဖြစ်ပါတယ်။

ကိန်းဟာ လွန်ခဲ့တဲ့ နွေရာသီကတည်းက မန်ယူကို ရောက်ရှိလာမလိုဖြစ်ခဲ့ပေမဲ့ တော့တင်ဟမ်ကတော့ ကိန်းကို အတင်းဆွဲခေါ်ထားခဲ့တာပဲဖြစ်ပါတယ်။ ကွန်တီ ရောင်းလိုသည်ဖြစ်စေ၊ မရောင်းလိုသည်ဖြစ်စေ တော့တင်ဟမ်ဥက္ကဋ္ဌလီဗိုင်းကတော့ ကိန်းကို သန်း ၁၀၀ နဲ့ရောင်းထုတ်တော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာကစားချင်နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူရိုက်စ်ကို ခေါ်ဖို့က ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။

ရိုက်စ်ဟာ ချဲလ်ဆီးလူငယ်အသင်းကို ပြန်ရောက်နိုင်ခြေလည်းရှိတယ်ဆိုပေမဲ့ အေဗရာမိုဗစ်ချ် ထွက်တော့မယ့် ချဲလ်ဆီအသင်းရဲ့ ဘယ်ကရတဲ့ငွေနဲ့ တူချယ်ပြန်ခေါ်မလဲတော့ မသိရပါဘူး။ အကယ်၍ ကိန်း နဲ့ ရိုက်စ်ကို ခေါ်ယူမယ့်အစီအစဉ်အလုပ်မဖြစ်ခဲ့ရင် အက်စတွန်ဗီလာရဲ့ ကွင်းလယ်လူမက်ဂင်းဟာ သရဲနီတွေအတွက် ထပ်မံရွေးချယ်ခေါ်ယူရမယ့်ကစားသမားပဲဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဟယ်ရီကိန်း #ဒီကလန် ရိုက်စ် #အဲရစ်တန်ဟက်ချ်