ရှေ့သို့
Image

အဲဗာတန်အသင်း တန်းဆင်းဇုံထဲဆင်းရတော့မယ်လို့ လမ်းပတ် ဝန်ခံ

3:20 PM, 7 April

ဘန်လေကို ၃-၂ နဲ့ရှုံးလို့ အဲဗာတန်အသင်း တန်းဆင်းဇုံကို ဆင်းရတော့မှာဖြစ်ပေမဲ့လို့ နည်းပြလမ်းပတ်ကတော့ အသင်းကို ပိုမိုကြိုးစားဖို့ တိုက်တွန်းအားပေးနေပါတယ်။ ဘန်လေက ကောလင်းက အိမ်ရှင်ပီပီ အဖွင့်ဂိုးစသွင်းခဲ့ပေမဲ့ ရစ်ချာလီဆန်ရဲ့ ပင်နယ်တီနှစ်လုံးကြောင့် အဲဗာတန်အသင်းက ၂ ဂိုးပြန်လည်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ အဲဗာတန်က ၂-၁ နဲ့အနိုင်ရခဲ့ပေမဲ့လို့ ဒုတိယပိုင်းမှာ ဂျေရိုဒရီဂွက်ဇ်ရဲ့ သွင်းဂိုးကြောင့် သရေပြန်ကျပြီး ကော်နက်ရဲ့ အနိုင်ဂိုးကြောင့် ဘန်လေအသင်း သုံးမှတ်ရသွားပါတော့တယ်။ လမ်းပတ်ရဲ့အသင်းဟာ အခုဆိုရင် ဘန်လေအသင်းထက် ၁ မှတ်ပဲသာတော့တာဖြစ်ပြီး လိဂ်ကိုးပွဲသာ ကျန်တော့တဲ့အချိန်မှာ တန်းဆင်းဇုံကို ဆင်းရခါနီးနေပြီပဲဖြစ်ပါတယ်။

အဲဗာတန်နည်းပြက သူ့အသင်း ဆက်ကြိုးစားနေရမှာဖြစ်ကြောင်းကို “ကျွန်တော်တို့ နေရာကောင်းတွေထိ ရောက်ခဲ့ပေမဲ့မယ့် မလုံလောက်ခဲ့တာပေါ့။ အဲအခါကျ ကစားကွက်တွေကို ဖွင့်ဟထားလိုက်မိကြတာ။ ပြီးရင် အမှားတွေလုပ်မိတော့တာပဲ”လမ်းပတ်က “ကစားသမားတွေဆိုတာ ယုံကြည်မှုပျောက်နေတာဆိုရင် ပြန်ပြီးတော့ ယုံကြည်မှုရအောင် လုပ်ရတယ်။ ငါတို့က အခုစစ်တလင်းထဲရောက်နေတာ။ အရင်က မသိခဲ့ရင်လည်း အခုသိမှာပေါ့။ ငါတို့က ဇယားမှာ ဘန်လေရဲ့အထက်မှာပဲ ရှိသေးတာဆိုတော့ သေချာပြန်ကြိုးစားရမယ်။ ငါတို့နားက အသင်းတွေအကုန်လုံးက ငါတို့လိုတွေချည်းပဲ။ ရလဒ်ကို ကြည့်လိုက်တာနဲ့ ဒါကြောင့် ငါတို့ ဒီကိုရောက်နေတာ သိတယ်မလား ဘာလို့ဆို အခြားအသင်းတွေလည်း ဒီလိုမျိုးတွေမလို့ ဒီနားရောက်နေတာပါ”လို့ လမ်းပတ်က ပြောပါတယ်။

လမ်းပတ်က သူ့အသင်းအနေနဲ့ ပထမပိုင်းခြေစွမ်းကို သဘောကျနိုင်လောက်ပေမဲ့ ဒုတိယပိုင်းမှာတော့ အရေးကြီးအခိုက်အတန့်တွေကို လက်လွှတ်ခဲ့ရကြောင်း သူကဆိုပါတယ်။

ဘီဘီစီနဲ့ ပြောရတဲ့အခါ လမ်းပတ်က “ပထမပိုင်းမှာတော့ တော်တော်လေးကို ကိုင်တွယ်နိုင်ခဲ့တယ်ဗျ။ ၁-၀ လောက်နဲ့ ပြီးသွားဖို့တောင် တွေးထားခဲ့ကြတာပါ။ ကျွန်တော်တို့ ပထမပိုင်းမှာတော့ တော်တော်လေးပျော်ခဲ့ကြတယ်။ ဘန်လေကို သေချာထိန်းနိုင်ခဲ့ကြတာကိုး။ ဒါပေမဲ့ ဒုတိယပိုင်းက အရေးကြီးတဲ့ ရလဒ်တွေကြောင့် ကစားပွဲက ပြောင်းလဲသွားခဲ့တာ။ ကျွန်တော်တို့ ကစားသမားတွေ ဆက်ကြိုးစားသွားမှာပဲ။ သူတို့က ရူးနေတဲ့သူတွေမှ မဟုတ်တာ။ ကျွန်တော်တို့ တန်းဆင်းဇုန်ရဲ့အပေါ်က စစ်တလင်းကို ရောက်နေတာ အရင်ကမသိရင်လည်း အခုသိပြီဗျ။ အသားကုန်ကြိုးစားရမယ့် ကိုးပွဲရှိပါသေးတယ်။ ရှိသမျှ ခွန်အားနဲ့ ကြိုးစားသွားရမယ်။ ကျွန်တော်လည်း အဲလိုလုပ်မယ် လူတိုင်းလည်း အဲလိုလုပ်မယ်လို့ထင်ပါတယ်။ ဒီညတော့ သိပ်ခံစားချက်မကောင်းပေမဲ့ နောက်သုံးရက်အတွင်း ကစားပွဲတစ်ပွဲ ကစားရမှာ ကျွန်တော်တို သိရမယ်။ အဲဒါပြီးရင်လည်း ဒီလိဂ်ထဲမှာ ဆက်နေနိုင်ဖို့ အမှတ်တွေရဖို့ ကြိုးစားရမယ်။ အဲဒီအတွက် ကျွန်တော်တို့ ကြိုးစားရပါဦးမယ်”လို့ ဆိုပါတယ်။

#အဲဗာတန် #ဘန်လေ #လမ်းပတ်