ရှေ့သို့
Image

ယူနိုက်တက် အတိုင်ပင်ခံနေရာတွင် တစ်လကို ၆ ရက်လောက်သာ အလုပ်လုပ်ရမယ့် ရန်းနစ်

11:08 AM, 7 April

သတင်းတွေအရ ယူနိုက်တက်နည်းပြ ရန်းနစ်ဟာ နောက်ထပ်ရာထူးအသစ်နေရာတွင် တစ်လကို ၆ ရက်သာ အလုပ်လုပ်ရမယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်သားဟာ လက်ရှိမှာ ယူနိုက်တက်ကို ရာသီမကုန်ခင်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် နွေရာသီမှာတော့ ၂နှစ်ကြာ အတိုင်ပင်ခံရာထူးကို ပြောင်းလဲရယူတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ စာချုပ်ထဲမှာ ရန်းနစ်တစ်ယောက် ရက်ပေါင်း ၁၄၄ ရက်သာ အလုပ်လုပ်ရမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ့အလုပ်က တစ်လမှာ တပတ်လုပ်ရတာထက်တောင် လျော့နည်းနေတာ ဖြစ်ပါတယ်။ ရန်းနစ်ဟာ လာမယ့်နည်းပြသစ်နေရာရှာဖွေမှုအတွက် ပါဝင်ပတ်သက်သွားဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

ယူနိုက်တက်ဟာ အေဂျက်နည်းပြ တန်ဟက် နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့ကို ပစ်မှတ်ထားနေပါတယ်။ တန်ဟက်ကတော့ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။  နယ်သာလန်သားဟာ ယူနိုက်တက်နည်းပြနေရာအတွက် အင်တာဗျူးပြီးသား ဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ ပီအက်စ်ဂျီကနေ ထွက်မထွက် မသေချာသေးတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ ပိုချက်တီနိုကို နွေရာသီမှာ ရှင်းထုတ်ချင်တယ်ဆိုရင်တောင် ပေါင် ၁၂.၅ သန်း အလျော်ပေးရမှာ ဖြစ်ပါတယ်။ တန်ဟက်က ယူနိုက်တက်အတွက် ရွေးချယ်စရာဖြစ်နေပေမယ့် ယူနိုက်တက်ထိပ်တန်းဂိုးသွင်းရှင် ဝိန်းရွန်းနီက ပိုချက်တီနိုကို ထောက်ခံထားပါတယ်။

“ပိုချက်တီနို ပရီးမီးယားလိဂ်မှာ အားလုံး လုပ်ပြထားပါတယ်။ သူက ပရီးမီးယားလိဂ်အကြောင်း သိပါတယ်။ တော့တင်ဟမ်မှာ လူငယ်တွေကို ပျိုးထောင်ခဲ့သလို ဆောက်သမ်တန်မှာလည်း အတူတူပါပဲ။ ၂ ဦးထဲက ၁ ဦးရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်တော်က ပိုချက်ကိုပဲ ရွေးမှာပါ။ ပြီးတော့ အချိန်တခုပေးလိုက်ပါမယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

ပိုချက်တီနို ၊ တန်ဟက်အပြင် စပိန်နည်းပြ အင်းနရစ် ၊ လိုပက်တီဂူတို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်