ရှေ့သို့
Image

ယူနိုက်တက်ပစ်မှတ် ဂတ်ပိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဓိကနေရာကနေ ပါဝင်ခဲ့တဲ့ ဗန်နစ္စတယ်ရွိုင်း

9:43 AM, 7 April

ယူနိုက်တက်နဲ့ အာဆင်နယ်ပစ်မှတ် ဂတ်ပိုက ဥရောပရဲ့ အကောင်းဆုံးတွေထဲကတစ်ဦးအဖြစ် ထွန်းတောက်လာအောင် နစ္စတယ်ရွိုင်းက ဘယ်လိုကူညီခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဗွီစတားဟာ လူငယ်ဘဝတုန်းက နစ္စတယ်ရွိုင်းနဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး ဒီရာသီအကုန်မှာ စီနီယာအသင်းနည်းပြဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဂတ်ပိုဟာ စွယ်စုံရတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး တိုက်စစ်လည်း ကစားနိုင်သလို တောင်ပံတွေမှာလည်း ကစားနိုင်တာဖြစ် စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ်ကလပ်တွေက ချိတ်ဆက်နေကြပါတယ်။

သတင်းတွေအရ အာဆင်နယ်ဟာ ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဒီရာသီ ပီအက်စ်ဗွီအတွက် ၂၁  ပွဲကစားပေးထားတဲ့ အသက် ၂၁ နှစ်သားဟာ ၉ ဂိုးသွင်း ၊ ၁၃ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး အသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ရောက်အောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။ သတင်းတွေအရ လက်စတာနဲ့ ပွဲမတိုင်ခင် ဂတ်ပိုက နစ္စတယ်ရွိုင်းနဲ့ ပတ်သက်ပြီး အခုလိုဖွင့်ဟခဲ့ပါတယ်။

 “ဗန်က အကယ်ဒမီမှာ ကျွန်တော့်ဆရာပါ။ သူ့ဆီကနေ အများကြီး သင်ယူခွင့်ရရှိခဲ့ပါတယ်။ သူက ဘယ်လိုအခြေအနေမှာ အဆုံးသတ်ရလဲဆိုတာ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အရမ်းအကူအညီ ဖြစ်စေပါတယ်။ သူက ကန်ရာမှာလည်း အချို့လှည့်ကွက်တွေကို ပြောပြခဲ့သလို ရွေးချယ်မှု ဖွင့်ထားဖို့လည်း ပြောကြားခဲ့ပါတယ်။  နိမ့်နိမ့်နဲ့ ပြင်းပြင်းကန်ဖို့ မလှလည်းမလှ မမြင့်လည်း မမြင့်ဖို့ ပြောကြားခဲ့ပါတယ်။ ဂိုးက ဂိုးပါပဲ။ သူလုပ်ပေးခဲ့တာတွေက ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ကျွန်တော် ဘာလုပ်နေလဲဆိုတာပဲ အာရုံစိုက်ထားပါတယ်။ ဒီရာသီကိုကောင်းကောင်းပြီးဖို့ မျှော်လင့်ပါတယ်။ အဲ့တာပြီးရင်တော့ တခုခုကို အာရုံစိုက်ရပါမယ်။ ချန်ပီယံလိဂ်မှာ ရာသီတိုင်းကစားရတဲ့အသင်းဆိုရင် ကျွန်တော် နောက်တဆင့်တက်ချင်ရင်တက်မှာပါ။ အဲ့တာက ကျွန်တော့်အိပ်မက်ပါ။ ဒါပေမယ့် ကျွန်တော် စာချုပ်သက်တမ်းရှိနေပါတယ်။ ပြီးတော့ နည်းပြသစ်လာဦးမှာပါ။ ဒါပေမယ့် အဲ့တာက မလာတာလည်း ဖြစ်နိုင်ပါတယ်။ သူလာလာ မလာလာ ကျွန်တော်ဆက်နေပြီး ဒီရာသီအတွက် အာရုံစိုက်ရပါမယ်”လို့ ဂတ်ပိုက ပြောကြားခဲ့ပါတယ်။

နစ္စတယ်ရွိုင်းလ်ဟာ ယူနိုက်တက်မှာ ၁၅၀ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၉၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းဟာ နယ်သာလန်နဲ့အတူ ယူရို ၂၀၂၀မှာ နည်းပြလုပ်ခဲ့သေးတာဖြစ်ပါတယ်။

“ကျွန်တော် ပီအက်စ်ဗွီမှာ နည်းပြလုပ်ဖို့ အမြဲတမ်းအိပ်မက်ရှိခဲ့ပါတယ်။ တွန်နဲ့ ကျွန်တော်လုပ်ခဲ့ဖူးပါတယ်။ အခုတော့ နည်းပြဘဝက ကျွန်တော့်ကို ဆွဲဆောင်နေပါပြီ။ မူလက ကျွန်တော် တစ်နှစ်လောက်ထပ်ပြီး အတွေ့အကြုံယူမလို့ပါ။ ဒါပေမယ့် တစ်ခါတလေမှာ ဖြစ်ချင်တာတွေက ဖြစ်လာတတ်ပါတယ်။ နောက်တဆင့်တက်ဖို့ မှန်ကန်တဲ့အချိန်လို့ ကျွန်တော်ထင်ပါတယ်။ ပီအက်စ်ဗွီက ဒီနွေမှာ လမ်းကြောင်းအသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်လည်း အဲ့ထဲမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဘုတ်အဖွဲ့နဲ့ လူသစ်အားဖြည့်ဖို့ ကျွန်တော် ပြောဖြစ်ပါတယ်။ ရေရှည်အတွက် ထူးခြားတာ တခုခုဖန်တီးနေပါတယ်။ ကျွန်တော် ဒီပရောဂျက်ကို ကိုင်ရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်”လို့ နစ္စတယ်ရွိုင်းလ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #နစ္စတယ်ရွိုင်း #ဂတ်ပို