ရှေ့သို့
Image

အက်သလက်တီကိုနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ခံစားချက်ကိုထိန်းချုပ်ပြီး ကစားကြဖို့ ကစားသမားတွေကို ဂွါဒီယိုလာတိုက်တွန်း

1:39 PM, 6 April

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက အက်သလက်တီကိုနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ခံစားချက်ကို ထိန်းပြီး ကစားကြဖို့ ကစားသမားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

မိနစ်၇၀မှာ သွင်းယူခဲ့တဲ့ ဒီဘရိုင်းရဲ့ သွင်းဂိုးက မန်စီးတီးအသင်း အိမ်ကွင်းမှာ အနိုင်ရဖို့ လုံလောက်စေခဲ့ပါတယ်။ ပွဲပြီးခါနီး ဂရီးလစ်ချ်ဟာ ကော်ရီယာရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုနဲ့ ကြုံခဲ့ရခြင်းနဲ့အတူ ပြောစရာ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ ခံစားချက်တွေကို ထိန်းချုပ်ပြီး လုပ်စရာရှိတာကို လုပ်ရပါမယ်။ အဲ့ဒီမှာ အဆုံးအဖြတ်ပေးမယ့် ကွင်းလယ်ဒိုင်ရှီပြီး ကျွန်တော်တို့က ပွဲကိုပဲ အာရုံစိုက်ကစားရပါမယ်”“အက်သလက်တီကိုက ရှုံးထွက်ပွဲတွေမှာ ဒီလိုမျိုး အကြိမ်များစွားကစားခဲ့ပြီး ကျွန်တော်တို့ ဘယ်လောက်ထိ ရင့်ကျက်နေပြီဆိုတာ စမ်းသပ်ခွင့်ရဖို့ ပွဲစဉ်၁ပွဲ ဖြစ်မှာပါ”“ဂျက်က အကောင်းဆုံး တုံ့ပြန်သွားခဲ့ပြီး လုပ်ဖို့လိုတဲ့ အာရုံစိုက်တာကိုပဲ ပြုလုပ်သွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

စပိန်သားက စီးတီးအနေနဲ့ ၁-၀ဂိုးနဲ့ နိုင်ထားတဲ့အပေါ် မက်ဒရစ်မှာ ခံစစ်ပိတ်ကစားသွားမှာ မဟုတ်ပဲ ပွဲကို အဆုံးသတ်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီး အဲ့ဒီရလဒ်ကြောင့် အခြေအနေတွေက မတူတော့ပါဘူး။ ကစားသမားအားလုံးက ပိုပြီးတော့ press လုပ်လာခဲ့ပါတယ်။ ပွဲစလို့ အက်သလက်တီကိုက အကောင်းဆုံး ကစားလာတဲ့အခါ comeback ပြန်လာနိုင်ပါတယ်”“အခု ကျွန်တော်တို့ ပြန်ဆန်းစစ်ဖို့ ၅ရက်အချိန်ရပြီး တိုက်စစ်ပိုင်းမှာ ဘယ်လို ပိုကောင်းအောင်လုပ်နိုင်မလဲ ကြည့်ရမှာဖြစ်ပြီး အဲ့ဒီမှာ ခံစစ်မကစားပဲ နိုင်ပွဲရဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ပွဲကြီးပွဲကောင်း ကစားရမှာဖြစ်ပြီး လာမယ့်အပတ် ကြားရက်မှာတော့ အက်သလက်တီကိုနဲ့ ဒုတိယအကျော့ကို ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။

#မန်စီးတီး #အက်သလက်တီကို #ဂွါဒီယိုလာ #ချန်ပီယံလိဂ်