ရှေ့သို့
Image

မန်စီတီးနဲ့ ပွဲမှာ လီဗာပူး ကစားသမားတစ်ဦးကို ပွဲထွက်လူစာရင်းမှာ မပါနိုင်ဘူးလို့ ယုံကြည်နေတဲ့ အိုဝင်

1:15 PM, 6 April

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် မန်စီးတီးနဲ့ ပွဲစဉ်ရဲ့ လီဗာပူးအသင်း ပွဲထွက်လူစာရင်းမှာ  ကိုလံဘီယာလက်ရွေးစင် ဒီယက်ဇ်ကို ချန်ထားမယ်လို့  လီဗာပူးနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ယုံကြည်နေပါတယ်။

ရာသီကုန်ဖို့ ရှစ်ပွဲသာ ကျန်တော့ချိန်မှာ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ အမှတ်ပေးချန်ပီယံပြိုင်ဖက်နဲ့ ရမှတ် တစ်မှတ်သာကွာဟနေပြီး အယ်တီဟတ်ခ်ကွင်းမှာ ၎င်းတို့နှစ်သင်း ထိပ်တိုက်ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ၊ မန်စီတီးနဲ့ ရမှတ်ကွာဟမှုတွေ လျော့ချဖို့ အပြင်းအထန်အားထုတ်ခဲ့တဲ့ လီဗာပူးအသင်းမှာ ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာတဲ့ ဒီယက်ဇ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။

လစ္စဘွန်းမြို့မှာ ဘင်ဖီကာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ဒီယက်ဇ်က မိုဆာလက်၊ မာနေးတို့နဲ့အတူ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သလို တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးမှုနဲ့အတူ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘင်ဖီကာနဲ့ပွဲအပြီး တနင်္ဂနွေနေ့၊ မန်စီးတီးနဲ့ ပွဲစဉ်မှာ ကိုလံဘီယာစတား ပွဲထွက်ခွင့်ရနိုင်ခြင်း ရှိ၊မရှိ အပေါ် မိုက်ကယ်အိုဝင်က BT Sport နဲ့ ဆွေးနွေးခဲ့ပါတယ်။

“ယာဂင်ကလော့ပ်ရဲ့ လူစားလဲမှုပုံစံတွေအရ ဒီပွဲအတွက် မဖြစ်နိုင်ဘူးလို့ ဆွေးနွေးလိုတယ်။ ဘင်ဖီကာနဲ့ပွဲမှာ  မိုဆာလက်ကို ဖယ်ထုတ်ထားမယ်၊ မာနေးကို ဖယ်ထုတ်ထားမယ်၊ ဂျိုတာ ပွဲကစားခွင့်ရလိမ့်မယ်လို့ မင်းတွေးမိလိမ့်မယ်။ ဂျိုတာက ကောင်းကောင်းကစားနေခဲ့တာပဲ။ ဒါပေမယ့် ဒီနေ့ မကစားရဘူး။ ဒီပွဲမစခင် ဒီယက်ဇ်ကို မန်စီးတီးနဲ့ပွဲမှာ သုံးလိမ့်မယ်လို့ တွေးမိခဲ့တယ်။ ဒီအချက်တွေကို အခြေခံစဉ်းစားလိုက်မယ်ဆိုရင် ဒီယက်ဇ်ပါဝင်ဖို့ မဖြစ်နိုင်ပါဘူး။ ပွဲစဉ်တစ်ခုလုံး သူ့ကို အရန်ခုံထိုင်ခိုင်းမယ်လို့လည်း ကျွန်တော်မထင်ဘူး” လို့ အိုဝင်က ပြောပါတယ်။

တဖက်မှာလည်း မန်စီးတီးက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့အနိုင်ရခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ဒီယက်ဇ် #ချန်ပီယံလိဂ် #မိုက်ကယ်အိုဝင်