ရှေ့သို့
Image

၆ ရက်ကို ၃ ပွဲနှုန်း ကစားနေရတယ်လို့ အဲဗာတန် နည်းပြ လမ်းပတ် ထုတ်ဖော်ပြောကြား

10:23 AM, 6 April

အဲဗာတန်အသင်းနည်းပြ လမ်းပတ်က သူ့အသင်းအနေနဲ့ အခုအပတ်မှာ ရမှတ်ပြန်လည် ရယူသွားမယ်လို့ ပြောကြားလိုက်ပြီး ၆ ရက်ထက်မနည်းမှာ ၃ ပွဲကစားရမှာဖြစ်ပါတယ်။

အဲဗာတန်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး စနေနေ့မှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ကြားရက်မှာ ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဗာတန်ဟာ ရာသီကုန်ဖို့ ၁၀ ပွဲသာ ကျန်တော့တဲ့အချိန်မှာ တန်းဆင်းဇုန်အပြင်က ၃ မှတ်အကွာမှာရှိနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ်မှာ လမ်းပတ်က ဒေါသထွက်နေတာပဲ ဖြစ်ပါတယ်။

“ဒီအပတ်မှာ ကျွန်တော်တို့ အများကြီးကစားရမှာပါ။ ဒါပေမယ့် ၃ ရက်အတွင်း ကစားရမှာဖြစ်တာကြောင့် ဘယ်လိုစီစဉ်ရမလဲဆိုတာ မသိသေးပါဘူး။ တကယ့်ကို မယုံနိုင်လောက်တဲ့ ပွဲစဉ်ဇယားရေးဆွဲမှုပါ။ ဒီအပတ်က တကယ့်ကို အရမ်းကျပ်တဲ့ပွဲစဉ်တွေပါ။ အသင်းရဲ့ကြံ့ခိုင်မှု နဲ့ လန်းဆန်းမှုှုကိုလည်း စဉ်းစားရဦးမှာပါ”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

အဲဗာတန်နဲ့  ဘန်လေပွဲဟာ တန်းဆင်းဇုန်တိုက်ပွဲအတွက် အရေးကြီးပြီး ဘန်လေနည်းပြ ရှောင်ဒိုင်ချီအတွက်လည်း အဲဗာတန်ကိုနိုင်မှ ဖိအားတွေလျော့ကျစေမှာဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပတ်ကတော့ သူ့အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်အောင် လုပ်ဆောင်ပေးမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“၉ ပွဲကစားဖိ့ ကျန်ရှိနေပါတယ်။ ဒါပေမယ့်  အဲ့တာက ကြီးမားတဲ့ဖိအားပေးမှုပါ။ တကယ့်စိန်ခေါ်မှုပါ။ ကျွန်တော်တို့အမှတ်ပေးဇယားအောက်ဆုံးနဲ့ နီးစပ်နေပါတယ်။ လိဂ်မှာဆက်နေနိုင်ဖို့ တိုက်ပွဲဝင်ရပါမယ်။ အသင်းကလည်း အာရုံစိုက်နေပါတယ်။ ဖိအားတွေက ကောင်းတဲ့အချက်ပါ။ ကျွန်တော်ကတော့ ဖိအားလို့ မခံစားရပါဘူူး။ ဒီလိုပွဲမျိုးအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

အဲဗာတန်ဟာ ဒဏ်ရာပြဿနာတွေအပြင် အနီကတ်တွေကြောင့် ပြဿနာတစ်ချို့ရှိနေပါတယ်။ နောက်ဆုံး ၃ ပွဲမှာ ကန်နီက အနီကတ် ၊ အယ်လန်က အနီကတ်နဲ့ မိုက်ကယ်ကိန်းတို့ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အနီကတ်တွေကို မကြိုက်ပါဘူး။ ကစားသမားတစ်ယောက်က အဝါကတ်ထိနေချိန်မှာ အနီကတ်ထိနိုင်ဖို့ အခြေအနေများနေပါတယ်။ ပွဲအတွက် အရေးကြီးတဲ့အချိန်မှာ အမှားတွေလုပ်လို့ မရပါဘူး”လို့ လမ်းပတ်က ဆိုပါတယ်။

အဲဗာတန်အတွက် သတင်းကောင်းက ဒီလပ် နဲ့ ကိုးလ်မန်းတို့ ပြန်လာနိုင်တော့မှာဖြစ်ပါတယ်။ ဇန်နဝါရီက ရောက်လာတဲ့ ပက်တာဆန်ကလည်း ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ရာမှာဖြစ်လို့ ဒီရာသီမှာ ကစားရနိုင်ဖို့ မသေချာတော့ပါဘူး။ ဗန်ဒီဘိခ် ၊ မီနာ နဲ့ တောင်ဆန်တို့ကလည်း ဒဏ်ရာရရှိနေဆဲဖြစ်ပါတယ်။

#အဲဗာတန် #လမ်းပတ်