ရှေ့သို့
Image

လီဗာပူးမှာဘဲ ဆက်နေသွားမည်ဟု အီဂျစ်အားကစားဝန်ကြီးကို ဖွင့်ဟခဲ့တဲ့ ဆာလက်

4:37 PM, 5 April

အီဂျစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့သော်လည်း ဆာလက်ဟာ အန်ဖီးလ်မှာဘဲ ဆက်နေသွားမည်ဟု အားကစားဝန်ကြီးတစ်ယောက်ကို ဖွင့်ဟခဲ့တယ်လို့သိရပါတယ်။

လီဗာပူးအသင်းကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ်က ဆီနီဂေါကို ၃-၁ဂိုးဖြင့် ပင်နယ်တီမှာ ရှုံးပြီး ၂၀၂၂ ကာတာသို့ သွားဖို့ အီဂျစ်အသင်းအား ဦးဆောင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ အီဂျစ်ရဲ့ အားကစားဝန်ကြီး Ashraf Sobhi က အသက်၂၉နှစ်အရွယ် ဆာလက်နဲ့အတူ ဆီနီဂေါအား ရှုံးနိမ့်အပြီးမှာ စကားပြောဆိုဆွေးနွေးခဲ့ပြီး မာဆေးဆိုက်ဒ်ကနေ ထွက်ပြီး တခြားအသင်းမှာ စိန်ခေါ်မှုအသစ်ရှာရန် အကြံပေးခဲ့တယ်လို့ Egyptian Radio သို့ ပြောပါတယ်။

“ကျွန်တော် ဆီနီဂေါနဲ့ပွဲအပြီးမှာ ဆာလက်နဲ့ လေဆိပ်မှာ တွေ့ဆုံခဲ့တယ် ကမ္ဘာ့ဖလားကို မရောက်ခဲ့တဲ့အပေါ် မေ့ပျောက်ထားဖို့လာမယ့်အရာသာ အာရုံစိုက်ထားရန် သူကို ပြောဆိုခဲ့တယ်။ သူကိုလည်း လီဗာပူးထက် တခြားကလပ်မှာ ခရီးဆက်ရန် အကြံပေးခဲ့တယ် ဒါပေမဲ့ သူရဲ့ လက်ရှိ ဦးတည်ချက်က လီဗာပူးနဲ့သာ စာချုပ်သစ်ချုပ်ဆိုဖို့ဖြစ်နေတယ်။ ဆာလက်ကို လူတစ်ချို့က စိတ်ဓာတ်ကျဆင်းစေရန် ရည်ရွယ်တိုက်ခိုက်တာတွေ ရှိနေတယ် ဒါပေမဲ့ သူကို ဒါတွေ အာရုံမစိုက်ဖို့ကျွန်တော် တိုက်တွန်းခဲ့ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

ဆာလက်ဟာ လာမယ့်ဂျွန်လတွင် သူရဲ့ စာချုပ်နောက်ဆုံးနစ်ထဲသို့ ရောက်လာမှာ ဖြစ်ကာ လီဗာပူးအသင်းနဲ့ဆွေးနွေးမှု ကြာရှည်နေပေမယ့် အဆင်မပြေသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဆာလက်ရဲ့ စာချုပ်နဲ့ပတ်သက်လို့မိမိတို့နောက်ထပ် လုပ်ဆောင်နိုင်စရာ မကျန်တော့ကြောင်း ကလော့ပ်ရဲ့ ဖွင့်ဟချက်အား ဆာလက်အေ့ဂျင့် ရာမီအေဘက်စ်က လှောင်သလို ရီသလို အီမိုဂျီအား ရေးတင်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ အေ့ဂျင့်ကို မကြိုက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတစ်ချို့ ထွက်ပေါ်လာရာတွင် ဆာလက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ရန် နီးစပ်နေပြီလို့ ဆိုပါတယ်။

ဘင်ဖီကာနဲ့ ပွဲမတိုင်မီ ကလော့ပ်က အဆိုပါအကြောင်းကို ပြောရာမှာ“ဘာမှ ပြောစရာ အသစ်မရှိတဲ့အတွက် ကျွန်တော် ပျော်ရွှင်နေပါတယ်။ နှစ်ဖက်ပါတီက စကားပြောဆိုနေကြပါတယ် ဒါကလည်း ကျွန်တော်လိုအပ်တဲ့အရာတွေပါ”ဟု ဖြေကြားခဲ့ပါတယ်။

#လီဗာပူး #အီဂျစ် #ဆာလက်