ရှေ့သို့
Image

၁၂ရက်အတွင်းဟာ မန်စီးတီးရဲ့ ယခုရာသီကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု မီကာရစ်ချက် သုံးသပ်

4:21 PM, 5 April

မန်စီးတီးနှင့် နည်းပြ ဂွါဒီယိုလာတို့ဟာ ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ရှိနေပြီး လာမယ့်၁၂ရက်အတွင်းဟာ အသင်းရဲ့ယခုနှစ်ရာသီကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု ကစားသမားဟောင်းမီကာရစ်ချက်က သုံးသပ်လိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို၊လီဗာပူးအသင်းတွေနှင့် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွေအဖြစ် ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။ မီကာရစ်ချတ်ကတော့ ၄ပွဲစလုံး အနိုင်ရမည်ဟု မထင်ဘဲ ယခုနှစ်အတွင်း ဥရောပပြိုင်ပွဲက ပိုအရေးကြီးတာကြောင့် အက်သလက်တီကိုအား ကျော်ဖြတ်ရမည်ဟု ဆိုသည်။

ဘီဘီစီသို့ ရစ်ချတ်က ပြောရာတွင်“လာမယ့်၁၂ရက်အတွင်းမှာ မန်စီးတီးရဲ့ရာသီက ကျိုးပြတ်တာဖြစ်စေ ကောင်းမွန်တာဖြစ်စေ ရှိမှာပါ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် စိတ်လှုပ်ရှားနေတဲ့ ပွဲစဉ်တွေနဲ့ သူတို့ရင်ဆိုင်ရမယ် ဒါပေမဲ့ တစ်ချိန်တည်းမှာ ရလဒ်တွေက သက်ရောက်လာမှာပါ။ ယနေ့ည (အင်္ဂါညနေခင်း)မှာ စကစားမယ် စီးတီးက အက်သလက်တီကို၊ လီဗာပူး၊ အက်သလက်တီကို၊ လီဗာပူး ဒီလိုမျိုး ဆက်တိုက် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေပွဲတွေမှာ ယှဉ်ပြိုင်ရမယ်။ ၄ပွဲစလုံးနိုင်မယ်လို့ကျွန်တော်မထင်ပါဘူး။ သူတို့နိုင်စရာလည်းမလိုပါဘူး ဒါပေမဲ့ မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ ဆိုရင် လာမယ့်ပွဲအတွက် အရေးပါလာမယ့် ပထမဆုံး၂ပွဲက သူတို့ခက်ခဲစွာ သွားနိုင်ရမယ်။ ဒါပေမဲ့ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဖလားကို အလိုရှိတယ်ဆိုတာ မေ့ထားလို့မရဘူး မန်စီးတီးလည်း ထပ်တူပါပဲ။ သူတို့ အရာအားလုံးအနိုင်ရထားပေမယ့် ချန်ပီယံလိဂ်ကတော့ သူတို့မရမချင်းကို အနိုင်ရဖို့ခက်ခဲနေပါလိမ့်မယ်။ ဒါတွေကြောင့် စီးတီးအတွက် ယခုနှစ်က အရေးကြီးတဲ့ဖလားက ဥရောပဖလား ဖြစ်တယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #မီကာရစ်ချက်