ရှေ့သို့
Image

ယူနိုက်တက်အသင်း အထိုင်ကျဖို့ ၁၈ လလောက် အချိန်ယူရမယ်လို့ ရန်နစ် သတိပေး

11:00 AM, 5 April

ယူနိုက်တက်နည်းပြ ရန်နစ်က အသင်းရဲ့အခြေအနေကို ဖြေရှင်းနိုင်ဖို့ ၁၈ လလောက် အချိန်ယူရမယ်လို့ သတိပေးပြောကြားလိုက်ကာ သူတို့ကို နောက်တစ်ကြိမ် တွန်းအားပေးဖို့ လုပ်နေပါတယ်။ နွေရာသီ အပြောင်းအရွှေ့တုန်းက ခရစ္စတီယာနို ရော်နယ်ဒိ၊ ဆန်ချို နဲ့ ဗာရာနီတို့ိကို ခေါ်ယူထားခဲ့ပေမယ့် မန်စီးတီး နဲ့ လီဗာပူးတို့ကို မယှဉ်နိုင်ပဲ စိတ်ပျက်ဖွယ်ရာ ရာသီတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။

ရန်နစ်ဟာ နိုဝင်ဘာလတုန်းက ဆိုးလ်ရှားနေရာမှာ အစားဝင်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း တိုက်ပွဲဝင်နေရကာ စနေနေ့က လက်စတာကို အိမ်ကွင်းမှာ သရေသာ ကန်နိုင်ခဲ့ပါတယ်။

ဂျာမန်သားဟာ နွေရာသီအထိ ယူနိုက်တက်နည်းပြနေရာကို ကိုင်တွယ်ခွင့်ရမှာဖြစ်ပြီး အခုချိန်မှာ ဘုတ်အဖွဲ့ကို ထောက်ခံမှုတွေပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီသစ်မှာ နည်းပြနေရာအတွက် အဲရစ်တန်ဟက်ကို ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ပိုချက်တီနိုကလည်း ရေပန်းစားနေတာဖြစ်ပါတယ်။

“မန်စီးတီး နဲ့ လီဗာပူးက ၅ နှစ် ဒါမှမဟုတ် ၆ နှစ်လောက် တည်ဆောက်ခဲ့ရတာပါ။ ပြီးတော့ နည်းပြလိုချင်သလို အားလုံးကစားနေရတာပါ။ နည်းပြသစ်က ဘယ်သူဖြစ်နေပါစေ သူဘယ်လိုကစားချင်လဲ ဘယ်လိုကစားသမားမျိုးလိုအပ်လဲဆိုတာကို သိဖို့ လိုပါတယ်။ အဲ့တာဆို ယူနိုက်တက် DNA ပြန်ရပါလိမ့်မယ်"”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်စတာနဲ့သရေကျခဲ့တဲ့ပွဲမှာ  ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေခဲ့ပြီး နာချိုက လက်စတာအတွက် ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ရန်နစ်က ယူနိုက်တက်ဟာ DNA ပျောက်ဆုံးနေတ်လို့ ဝေဖန်ခဲ့ပြီး အခုထက်ပို စိတ်အားထက်သန်ဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့  စရိုက်လက္ခဏာ ပျောက်ဆုံးနေတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် အချို့နေရာတွေမှာ လိုအပ်ချက်ရှိနေပါတယ်။ တစ်ဦးချင်းလူကပ်မှုတွေပါ။ ပြီးတော့ တန်ပြန်တိုက်စစ်အကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကိုယ်ခန္ဓာထိတွေ့မှုက ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်တို့ ဒုတိယအကောင်းဆုံးပဲဖြစ်နေပါတယ်။ အဲ့တာက ကျွန်တော်တို့ လက်ကျန်ရာသီမှာ အကောင်းဆုံးလုပ်ရမှာဖြစ်သလို လာမယ့်ရာသီအတွက်လည်း မှန်ပါတယ်။ ကျွန်တော်တို့ အင်အားပိုလိုသလို ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်အားထက်သန်မှုလိုအပ်ပါတယ်။ ဒါပေမယ့် အဲ့တာတတွေ ကျွန်တော်တို့မှာ မရှိပါဘူး။ DNA မရှိတာက ပိုဆိုးပါတယ်။ လက်စတာမှာ အဲ့လိုကစားသမားတွေ နေရာတိုင်းမှာရှိနေပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ ပြဿနာဖြစ်နေတာပါ။ ပြောင်းလဲဖို့ ခက်ခဲပါတယ်။ စိတ်ဓာတ်နဲ့ အလုပ်လုပ်ရတာဖြစ်ပြီး DNA ကစားသမားမျိုးလိုအပ်ပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်