ရှေ့သို့
Image

ယူနိုက်တက်က ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့တဲ့ ရန်နစ်

4:26 PM, 4 April

မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ ရာ့ဖ်ရန်နစ်က လက်စတာစီးတီးကို ၁-၁ သရေကျခဲ့ပြီးနောက် အဆင့် ၇ နေရာကို ကျသွားခဲ့ပြီးနောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောသွားခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကလပ်ဟာ ရာသီကုန်ဖို့ ၈ ပွဲသာ ကျန်တော့တဲ့အချိန်မှာ ထိပ်ဆုံး ၄ သင်းနဲ့ ၃ မှတ်ကွာဟလျက်ရှိပါတယ်။ ရန်နစ်ကတော့ “အပတ်တိုင်း အမှတ်ပေးဇယားကို ထိုင်ကြည့်နေတာတွေ၊ ဘာတွေဖြစ်လာမလဲ၊ ဘယ်နမှတ်လိုသေးတွေ လျှောက်တွေးနေရုံနဲ့တော့ ဘာအထောက်အကူမှ ရမှာမဟုတ်ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့က အဆင့် ၄ အတွင်း မဝင်တာသေချာပါတယ်။ ကျွန်တော်လည်း အကြားအမြင်ဆရာမဟုတ်တော့ မန်ချက်စတာယူနိုက်တက်က လာမယ့်ရာသီ ဘယ်အဆင့်မှာ ရှိနေမလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့အတွက်တော့ အဓိကအလုပ်က ရာသီကုန်ချိန်မှာ အမြင့်ဆုံးအဆင့်နဲ့ အကောင်းဆုံး ခြေစွမ်းရရှိဖို့ပါပဲ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး အနိုင် ၃ မှတ်အတွက်သာ အာရုံစိုက်ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ရန်နစ်က “ဒီရာသီမကုန်သေးပါဘူး၊ နောက်ထပ် ၈ ပွဲကစားဖို့ ကျန်ပါသေးတယ်။ ရာသီသိမ်းချိန်ကှမှသာ လာမယ့်ရာသီအတွက် ဆုံးဖြတ်ချက်အမှန်ကို ရရှိမယ်ထင်ပါတယ်။ အခုချိန်တော့ အဲဗာတန်နဲ့ပွဲမှာ တတ်နိုင်သမျှ အနိုင် ၃ မှတ် ရရှိအောင် ကြိုးစားဖို့ပါပဲ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လက်စတာ #ရန်နစ်