ရှေ့သို့
Image

ရာသီကုန်မှာ အာဆင်နယ်အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ ဂိုးသမားလီနို

2:14 PM, 4 April

ဂိုးသမားဘရန်လီနိုဟာ ရာသီကုန်လျှင် အာဆင်နယ်အသင်းကထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ကစားသမားကို ခေါ်ယူနိုင်ဖို့ အသင်းတော်တော်များများက ချဉ်းကပ်နေကြပါတယ်။

ယခုတစ်ရာသီလုံး လီနိုဟာ အသင်းမှာ ကောင်းကောင်း ပွဲထွက်ခွင့်မရသလို အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ်လဲ မကစားခဲ့ရပါဘူး။ ရှက်ဖီအသင်းကနေ ခေါ်ယူထားခဲ့တဲ့ အာရွန်ရမ်ဒေးဟာ အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ကစားခွင့် ရထားခဲ့တာပါ။ အသက် ၂၃ နှစ်သာရှိ သေးတဲ့ ရမ်ဒေးဟာ အာဆင်နယ်အသင်းကို ပြောင်းရွေ့ကြေးပေါင် ၂၅ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး အသင်းအတွက် အားကိုးရတဲ့ ဂိုးသမားအဖြစ် ရှိနေပါတယ်။

ဥပမာ လက်စတာကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ လက်စတာကစားသမား မက်ဒီဆင်ရဲ့ အလွတ်တည်ကန်ဘောကို ကာကွယ်ခဲ့ပြီး အသင်းနိုင်ပွဲအတွက် ကူညီခဲ့ပါတယ်။ ထိုလက်စွမ်းမျိုးတွေကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင်အသင်းမှာ ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အလမ်းတွေ နီးစပ်နေပါတယ်။

တဖက်က လီနိုကလဲ အာဆင်နယ်အသင်းအတွက် ၄ပွဲသာ ကစားထားခဲ့ရတာပါ။ အသင်းနဲ့စာချုပ်ကလဲ ၂၀၂၃ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး မေဂျာလိဂ်ကနေ ဂိုးသမား မက်တာနာကို ခေါ်ယူထားတာကြောင့် လီနိုဟာ အသင်းက ထွက်ခွာဖို့ နီးစပ်လာတာပါ။

လီနိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အာတီတာကို မေးမြန်းခဲ့ရာမှာတော့"ပြီးခဲ့တဲ့ လပိုင်းတွေမှာ လီနိုအတွက် ခက်ခဲတဲ့ ကာလတစ်ခု ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ သူ ကစားသမားဘဝတစ်လျှောက်မှာ အမြဲကစားခွင့် ရခဲ့တာပါ။ ဒါပေမယ့် သူ ဒီမှာဆက်ရှိမယ်ဆိုရင် ရမ်ဒေးဟာ သူ့ကို အများကြီးကူညီပြီး အထောက်အပံ့ ပြုမှာပါ""သူ့ရဲ့တုံ့ပြန်မှုက အရမ်းကောင်းပါတယ်။ သူ့ရဲ့ နေရာကို လက်ခံပါတယ်။ ဒီလိုနေနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျွန်တော်တို့ ကစားသမားတွေကို လိုချင်တဲ့ အခြေအနေရောက်အောင် ကောင်းကောင်း တွန်းအားပေးဖို့ပဲ ရှိပါတယ်"လို့ အာတီတာက ဆိုပါတယ်။

လီနိုရဲ့ အသင်းက ထွက်ခွာမယ့်အပေါ် နယူးကာဆယ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ သို့သော်လဲ လီနိုက ဂျာမနီကို ပြန်ကစားဖို့ ဆန္ဒရှိတယ်လို့ ဆိုပြီး အသင်းဟောင်း လေဗာကူဆင် အသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသင်းကတော့ ပြောင်းရွေ့ကြေး ပေါင်၅ သန်းနဲ့ ၁၀ သန်းကြား သတ်မှတ်ရောင်းချဖွယ် ရှိတယ်လို့ သိရပါတယ်။ ထို့အပြင် မက်တာနာကလဲ အသင်းကို ရောက်ရှိလာမှာဖြစ်တဲ့အတွက် ရာသီကုန်မှာ အသင်းကနေ လီနို ထွက်ခွာသွားမလား စာချုပ်သက်တမ်းကုန်အထိရှိမလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။

#အာတီတာ #အာဆင်နယ် #လီနို