ရှေ့သို့
Image

ကိုယ့်ယုံကြည်မှု ကိုယ်ပြန်တည်ဆောက်ရမည်ဟု ရက်ရှ်ဖို့အား ရန်းနစ် သတိပေး

10:05 AM, 4 April

ယူနိုက်တက်နည်းပြ ရန်းနစ်ကတော့ ရက်ရှ်ဖို့အနေနဲ့ ဒီရာသီမှာ ပျောက်ဆုံးသွားတဲ့ သူ့ယုံကြည်ချက်တွေကို သူပြန်တည်ဆောက်ရမယ်လို့ဆိုပါတယ်။ ဒီအင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ရော်နယ်ဒိုတို့ ကာဗာနီတို့ ပွဲမှာမပါခဲ့ချိန်မှာတောင် အရန်ခုံမှာပဲ စတင်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဟာ ပွဲချိန် ၅၅ မိနစ်မှ ပွဲထဲကို ဝင်လာရတာဖြစ်ပြီး ရန်းနစ်ကတော့ ဖာနန်ဒက်စ်ကို တိုက်စစ်မှူးထားပြီး ဖာနန်ဒက်စ်နောက်ကနေ ပေါ့ဂ်ဘာကို ထားခဲ့တာပဲဖြစ်ပါတယ်။ ရန်းနစ်ကတော့ ရက်ရှ်ဖို့ဒ်ဟာ သူ့ကိုယ်သူယုံကြည်မှု လျော့နည်းနေတာကြောင့် ပွဲစစချင်း မသုံးချင်ခဲ့ကြောင်း၊ ဒီကိစ္စကို သူ့ဘာသာဖြေရှင်းရမှာဖြစ်ကြောင်း ပြောပါတယ်။

ရန်းနစ်က “ပထမပိုင်းမှာတုန်းကတော့ ဘာမှပြောင်းလဲဖို့ လိုတယ်မထင်ဘူးဗျ။ ဒါပေမဲ့ ၅၅ မိနစ်ရောက်တော့မှ တစ်ဂိုးလိုလာပြီဖြစ်တဲ့အတွက် တိုမီနေးအစား ရက်ရှ်ဖို့ဒ်ကို အစားထိုးလိုက်တယ်။ တိုမီနေး အဝါကတ်သာ မထိထားရင် ထုတ်မိမယ်မထင်ဘူးဗျ။ သူ အဝါကတ်ထိထားတော့လည်း သူ့ကို ထုတ်လိုက်တာ မှန်တယ်ထင်ပါတယ်။ ရက်ရှ်ဖို့ဒ် အကောင်းဆုံးမကစားနိုင်တာ သိပ်တော့ ထူးဆန်းမနေပါဘူး။ သူယုံကြည်မှုတွေ ပျောက်၊ ကစားကွက်တွေ ပျောက်နေလို့ပါ။ သူ့ကို ယုံကြည်မှုတွေ ပြန်ရအောင်လုပ်ပေးရမယ်လို့ တွေးမိလို့ ထည့်လိုက်တာပါ။  နောက်ဆုံးတော့ သူ့ဘာသာလုပ်ရမှာပါပဲ။ ကျွန်တော်တို့ လုပ်ပေးနိုင်တာဆိုလို့ သူ့ကို စကားမှန်မှန်ပြောပြီး သူ့ဆီကနေ ဘာတွေ မျှော်လင့်ထားတယ်၊ သူဘာတွေ လုပ်သင့်တယ်ပြောပေးရုံပါပဲ။ ကျန်တာကတော့ သူ့ဘာသာလုပ်ရမှာပါပဲ။ ပြန်လည်ပြီးယုံကြည်မှု ပြန်ရလာတဲ့ကစာသမားတွေ အသင်းမှာလည်း အချို့ကရှိနေသေးတယ်။ တစ်ယောက်နှစ်ယောက်လောက်က ဒီမှာမရှိတော့ဘူးဆိုတော့ သေချာပြန်ပြီး ယုံကြည်မှုတည်ဆောက်ရင် မတူကွဲပြားတဲ့ ကစားသမားတစ်ယောက် ဖြစ်နိုင်ပါတယ်။ ရက်ရှ်ဖို့ဒ် ဒီထက်ပိုကောင်းအောင် ကစားနိုင်တာ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ အဲလိုဖြစ်အောင်က သူကိုယ်တိုင်လုပ်ရမှာပါ” လို့ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ရန်းနစ်