ရှေ့သို့
Image

အာဆင်နယ်အသင်းရဲ့ ကစားသမားခေါ်ယူမှုကို ချီးကျူးလိုက်တဲ့ ရန်းနစ်

11:23 AM, 3 April

ယူနိုက်တက်အသင်းယာယီနည်းပြရက်ရန်းနစ်ဟာ အာဆင်နယ်အသင်းအနေနဲ့ အရင်နှစ်‌ေတွက ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပေမယ့် အပြောင်းအရွေ့ဈေးကွက်မှာ မှန်ကန်တဲ့ လူခေါ်ယူမှုတွေ ပြုလုပ်ခဲ့တဲ့အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၆-၁၇ ရာသီမှာ ချန်ပီယံလိဂ်မှာ နောက်ဆုံးကစားခွင့်ရခဲ့တာဖြစ်ပါတယ်။နောက်နှစ်တွေမှာ ယူရိုပါလိဂ်သာ ကစားခဲ့ရပြီး  မနှစ်ကတော့  ယူရိုပါလိဂ်ကိုလဲ ဝင်ခွင့်မရခဲ့ပါဘူး။ 

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ယခုလက်ရှိမှာ ပရီးမီးယားလိဂ်အဆင့်လေးမှာရပ်တည်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဆင့် ၆ မှာ ရပ်တည်နေကာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လွဲချော်နိုင်ချေရှိနေပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘန်ဝှိုက် ၊ ရမ်ဒေး နဲ့ အိုဒီဂတ်တို့လို ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပြီး အသင်းကို အားဖြည့်ဖို့ ပေါင် သန်း ၁၆၀ လောက် သုံးစွဲခဲ့ပါတယ်။ ယူနိုက်တက်ယာယီနည်းပြရန်းနစ်ကတော့ လက်ရှိမှာ အသင်းကိုနည်းပြအဖြစ်တာဝန်ယူနေပြီး ရာသီကုန်မှာ အကြံပေးရာထူကို ပြောင်းလွဲယူဖို့ရှိနေပါတယ်။ သူက အာဆင်နယ်အသင်းရဲ့ လူအင်အားဖြည့်တင်းဖို့ချည်းကပ်ပုံကို မှန်ကန်တဲ့ ချည်းကပ်မှု တစ်ခုဖြစ်တယ်လို့ ယူဆနေပါတယ်။ 

"အဆုံးသတ်မှာတော့ လူခေါ်ယူဖြည့်တင်းမှုပါပဲ။ မှန်ကန်တဲ့ ကစားသမားတွေရှိဖို့ မှန်ကန်တဲ့ ကစားသမားတွေကို မှန်ကန်တဲ့ အချိန်မှာ ခေါ်ယူပြီး မလိုအပ်တဲ့ ကစားသမားတွေကို မလိုချိန်မှာ မခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ "

"အဲ့တော့ ဘောလုံးမှာ လွယ်သွားပါတယ်။ မှန်ကန်တဲ့ လူအင်အားဖြည့်တင်းမှုရှိရင်ပေါ့။ အသင်းအတွက် ဘယ်လိုကစားသမားမျိုး လိုအပ်သလဲဆိုတာပေါ့။ နောက်ပြီး ငါတို့ ဘယ်အတွက်ရပ်တည်နေတာလဲ ပေါ့။ ဒါဆိုရင် သင့်တော်တဲ့ နည်းပြတစ်ယောက်ကို ရွေးချယ်ခန့်ထားလို့ ရတာပေါ့။ ဒါက ငွေကြေးပိုင်းအရေကာ ကစားတဲ့နေရာမှာပါ အကျိုးရှိစေမှာပါ။ အခုလို အဆင့်လေးရောက်ဖို့ပေါ့။ "

"လူတိုင်းချန်ပီယံလိဂ်မှာ ကစားချင်ကြပါတယ်။တခြားသူတွေလဲ အဲ့လိုအတွေ့အကြုံတွေရှိပါတယ်။ အကယ်လို့ အာဆင်နယ်ကို ကြည့်လိုက်မယ်ဆိုရင် သူတို့ အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ မကစားရတာ နှစ်အတော်ကြာ ရှိနေပါပြီ။ သူ‌တို့အသင်းကိုတွန်းပို့နေတဲ့ လမ်းကြောင်းက မှန်ကန်ပြီး အခုဆိုရင် ချန်ပီယံလိဂ်မှာ ကစားရဖို့ နီးစပ်နေပါပြီ။"

လို့ ရန်းနစ်က ဆိုပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ရန်းနစ်