ရှေ့သို့
Image

ထိပ်သီးကစားသမားတွေထက် ဆာလောင်မှုရှိတဲ့ ကစားသမားတွေကို ခေါ်ဖို့ယူနိုက်တက်ကို ရန်းနစ် တိုက်တွန်း

7:08 PM, 2 April

အသင်းဟာ ပြန်လည်ဖွဲ့စည်းဖို့လိုအပ်ပြီး ယခုလာမယ့်နွေမှာ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကစားသမားတွေကိုသာ ခေါ်ယူသင့်ကြောင်း မန်ချက်စတာယူနိုက်တက်နည်းပြ ရန်းနစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရန်းနစ်လက်အောက်တွင် ယူနိုက်တက်ဟာ ထိပ်ဆုံး၄သင်းဝင်ရောက်ရေး တိုက်ပွဲဝင်နေရပြီး လက်ရှိမှာ အဆင့်၆တွင် အဆင့်၄နေရာက အာဆင်နယ်နဲ့ ၃မှတ်အကွာမှာ ရှိနေပါတယ်။

ကြိုးကြာနီနှင့် ထိပ်ဆုံးအသင်းတွေကြားမှာ ကွာဟချက်တွေ ရှိနေပြီး ယူနိုက်တက်ဟာ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ရမယ့် အခြေအနေများစွာ ရှိနေပါတယ်။ လာမယ့်ရာသီမှာ အတိုင်ပင်ခံရာထူးရယူသွားမယ့် ရန်းနစ်ဟာ ယခုကတည်းက အသင်းအတွက် တိုက်တွန်းအကြံပေးမှုများ လုပ်ခဲ့ပါတယ်။

“တစ်စုံတရာ ပြောင်းလဲဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ် နွေရာသီမှာ ပြန်လည်တည်ဆောက်ဖို့လိုနေပါတယ်။ အသင်းဟာ တိုးတက်မှုကို အမြဲတမ်းလိုချင်တဲ့ ဆာလောင်မှုရှိတဲ့ ကစားသမားတွေ အရည်အသွေးမြင့် ကစားသမားတစ်ချို့ကို ခေါ်ယူနိုင်ပါတယ်။ ထိပ်သီးကစားသမားတွေ ခေါ်ယူသင့်တယ်လို့မထင်ပါဘူး ဒီလိုကစားသမားတွေကို ကျွန်တော် ဆန္ဒမရှိပါဘူး ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကလပ်ကို ပြောင်းလာချင်တဲ့ ဆာလောင်မှုရှိတဲ့ တိုက်ပွဲဝင်လိုတဲ့ ကစားသမားတွေကသာ အရေးကြီးပါတယ်။ ကျွန်တော် အမြဲတမ်း ယုံကြည်တဲ့အချက်ကတော့ စာချုပ်ကောင်း အသင်းကောင်းဆိုရင် ပြောင်းလာမယ့် ကစားသမားတွေဟာလည်း နောက်တဆင့်တက်နိုင်မှာပါ။ ဒီလိုဖြစ်လာရင်လည်း မတူညီတဲ့ စိတ်အားထက်သန်မှု ခွန်အားတွေ လှုံဆော်မှုတွေ လွှမ်းမိုးမှုတွေ ရှိလာနိုင်ပြီး ဘယ်ကလပ်ဘဲဖြစ်ဖြစ် ကစားဖို့ဆန္ဒရှိမှာပါ။ ဒီလိုကစားသမားတွေကိုသာ နွေရာသီအပြောင်းအရွှေ့အတွက် အဓိကပစ်မှတ်ထားသင့်ပါတယ်ဟု"ပြောကြားသွားခဲ့ပါတယ်။

အေဂျက်နည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့်ရာသီသစ်တွင် ယူနိုက်တက်နည်းပြသစ် ဖြစ်လာရန် အတော်လေး ရေပန်းစားနေပြီး ကလပ်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ အသက် ၅၂နှစ်သားဟာ ပြီးခဲ့တဲ့အပတ်က အသင်းနဲ့လည်း အင်တာဗျူးခဲ့တယ်လို့ဆိုပါတယ်။

ယူနိုက်တက်ဟာ တန်ဟတ်အပြင် ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ပိုချက်တီနိုကိုလည်း စောင့်ကြည့်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်