ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းမှာ ရူဘင် ဒီယက်စ် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာ ဆို

11:20 AM, 2 April

မန်စီးတီးခံစစ်မှူး ရူဘင် ဒီယက်စ်ဟာ လာမယ့်အပတ် လီဗာပူးနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ ခံစစ်မှူးဟာ ပြီးခဲ့တဲ့လ ပီတာဘရော့နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက လာမယ့် ဘန်လေ၊ အက်သလက်တီကို၊ လီဗာပူးတို့နဲ့ ပွဲစဉ်တွေမှာ ဒီယက်စ်တစ်ယောက် ပါဝင်ဖို့ မျှော်မှန်းထားခြင်း မရှိကြောင်း ပြောခဲ့ပါတယ်။ ဂျွန်စတုန်းကတော့ နိုင်ငံတကာ အားလပ်ရက်တုန်းက ဖြစ်ပွားခဲ့တဲ့ အဖျားဝေဒနာကနေ ပြန်လည်သက်သာကာ စီးတီးခံစစ်မှာ လာပေါ်တေးနဲ့ ပြန်လည်တွဲဖက်လာဖို့ ရှိနေပါတယ်။

ဒီယက်စ်က“ဒီယက်စ် ဘယ်လောက်နားရမယ် မသိပါဘူး။ ဆရာဝန်ကတော့ ၄ပတ်ကနေ ၆ပတ်လောက် နားရမယ်လို့ ပြောပါတယ်။ သူ ၄ပတ်လောက်တော့ နားပြီးပါပြီ။ နောက်၂ပတ်လောက် ကျန်သေးတယ်လို့ ထင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

ယနေ့ညမှာတော့ လီဗာပူးက ဝက်ဖို့ဒ်နဲ့ ရင်ဆိုင်ပြီးရင် ဘန်လေကို မန်စီးတီးက ဖိအားတွေနဲ့ ကစားရဖို့ ရှိနေပါတယ်။ မန်စီးတီးအနေနဲ့ အမှားအယွင်း မခံတာသိပေမဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်ကြောင်းလည်း ဂွါဒီယိုလာက ဆိုပါတယ်။

“ကျွန်တော်တို့ အမှားလုပ်နိုင်ပြီး ဖလားရသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီပွဲနဲ့ နောက်ပွဲမှာ ဘာပဲဖြစ်ဖြစ် ဘယ်သူချန်ပီယံ ဖြစ်မယ်ဆိုတာ သိဦးမှာ မဟုတ်ပါဘူး”“ဘန်လေက နည်းပြ ရှောင်ဒိုက်ချ်ရဲ့ စွမ်းဆောင်ရည်နဲ့အတူ နှစ်ပေါင်းများစွာ တည်ငြိမ်တဲ့ ခြေစွမ်းရပြီး ကစားရခက်တဲ့ အသင်း၁သင်းပါ”လို့ ဆိုခဲ့ပါတယ်။ #လီဗာပူး #မန်စီးတီး #ဂွါဒီယိုလာ #ဒီယက်စ်