ရှေ့သို့
Image

ယခုနှစ်ရာသီ လီဗာပူးအသင်း ဖလားလေးလုံး ရမယ်လို့ ယုံကြည်နေတဲ့ ဟော့ဆန်

3:38 PM, 1 April

ဝက်ဖို့ဒ်နည်းပြ ဟော့ဆန်ကတော့ ဒီရာသီမှာ လီဗာပူးအသင်း ဖလားလေးလုံးဆက်တိုက်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဝက်ဖို့ဒ်အသင်းမှာ ဒီရက်သတ္တပတ်အဆုံးမှာတော့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်တွေ့မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကို ၂၀၁၀-၁၁ တုန်းက ၃၁ ပွဲတိတိ ဟော့ဆန်ကတော့ “ဖလားလေးလုံး ဆက်တိုက်ရလိမ့်မယ်ထင်တယ်ဗျ။ ဖလားသုံးလုံးဆိုတာကိုက တော်တော် အံ့ဩဖို့ကောင်းနေပါပြီ။ ဖလားလေးလုံး ဆက်တိုက် လိုချင်ရင်တော့ ဥရောပက အကောင်းဆုံး အသင်းကို ကိုယ်နိုင်ငံထဲမှာ ကိုယ်နိုင်အောင်လုပ်ရမယ်ဗျ။ ဖြစ်နိုင်မယ်လို့တော့ ထင်ပါတယ်။ ထိပ်ဆုံးက အသင်းတွေကျတော့ အရမ်းကောင်းတော့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးရောက်နိုင်စွမ်းရှိကြတယ်ဗျ။ သူတို့ရဲ့အောက်က တစ်သင်း နှစ်သင်းလောက်ကိုပဲ ဖြတ်ချနိုင်ဖို့ အရင်ကြိုးစားရတာဗျ။ ကံလေးနည်းနည်းကောင်းဖို့ရယ် ကစားသမားတွေ ကျန်းမာကြံ့ခိုင်မှုရှိဖို့ရယ်တော့ လိုတာပေါ့။ ဖူလ်ဟမ်တို့ ဝက်စ်ဘရွန်းတို့ ခရစ်စတယ်ပဲလေ့တို့ ဝက်ဖို့ဒ်တို့ အသင်းမျိုးရဲ့ နည်းပြဖြစ်ရင်ကျတော့ ဖလား နှစ်လုံး ၊ သုံးလုံးဆက်တိုက်ရဖို့ နေနေသာသာ ပရီးမီးယားလိဂ် မပြုတ်အောင် အမှတ် တစ်မှတ် နှစ်မှတ်ရဖို့ကိုပဲ ဂရုစိုက်နေရတာဗျ”လို့သူက ဆိုပါတယ်။

#လီဗာပူး #ဝက်ဖို့ဒ် #ရွိုင်းဟော့ဆန်