ထိပ်ဆုံး ၄ သင်းထဲ ဝင်အောင်ကြိုးစာဖို့ အာဆင်နယ်အား ရွိုင်ကိန်း သတိပေး
3:31 PM, 1 April
အာဆင်နယ်အနေနဲ့ ထိပ်ဆုံး ၄ သင်းထဲ မရောက်ခဲ့ရင် စိတ်ပျက်ရလိမ့်မယ်လို့ ကိန်းက ယုံကြည်နေပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးသုံးပွဲမှာ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး နဲ့ မန်းစီးတီးတို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သူတို့ဟာ အဆင်ပြေလာတာမလို့ အရင်လပိုင်းတွေမှာ ခြေစွမ်းကောင်းလာခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာတော့ ၁၀ ပွဲကျန်သေးတဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဆင့် ၅ နေရာက တော့တင်ဟမ်အသင်းကို တစ်ပွဲကျန် ၃ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့လာမယ့်ပွဲတွေမှာ ခက်ခဲတော့မှာ ဖြစ်တာကြောင့် ကိန်းက“နောက်လက အာဆင်အတွက် အရေးကြီးတော့မှာပါ။ သူတို့နဲ့မထိုက်တန်တဲ့ ဝေဖန်မှုတွေကို ရာသီအစတုန်းက ရခဲ့တယ်ဆိုပေမဲ့လို့ သူတို့တွေ အဆင့် ၅ သို့မဟုတ် ၆ လောက်ရောက်သွားတာနဲ့ အာဆင်နယ်ကို စိတ်ပျက်မှုတွေ ရောက်လာမှာပါ။ ဒါအမှန်တရားပဲဗျ။ လာမယ့်လက သူတို့အတွက် တကယ့်စိန်ခေါ်မှု အကြီးကြီးပဲဗျ။ အာတီတာအနေနဲ့ နည်းပြကောင်းဆိုပေမဲ့ ကျွန်တော် စိုးရိမ်မိတာက ဒီရာသီမှာ စတုတ္ထနေရာ ရနိုင် မရနိုင်ပဲဗျ။ ရရင်တော့ အကောင်းဆုံးလို့ပဲပြောရမှာပေါ့လေ။ အဲလောက်ရမှ အာတီတာ အနေနဲ့လည်း ငါလုပ်နိုင်တာ ဒီလောက်ပဲ။ တစ်ခြားအလုပ်ကို သွားတော့မယ်” လုပ်လို့ ရမှာဖြစ်ပါတယ်လို့ ကိန်းကပြောပါတယ်။