ရှေ့သို့
Image

မက်ဆီဟာ ကမ္ဘာ့မှာ ဖရီးကစ်ကန် အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပီယာနစ်ဆို

1:26 PM, 1 April

ပီယာနစ်က လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဖရီးကစ်ကန်သွင်းသူဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ အာဂျင်တိုင်းသားဟာ ဘယ်တုန်းကမှ ဖရီးကစ်ကန်တာ လေ့မကျင့်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ပီယာနစ်ကိုယ်တိုင်ကလည်း ဖရီးကစ်ကန်ကောင်းသူ၁ဦးအဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်မှာ ပုံမှန် ဖရီးကစ်ကန်လာခဲ့ကာ ဂျူဗီနဲ့ ရိုးမားမှာ ကစားခဲ့စဉ် ဖရီးကစ် ၁၉ကြိမ်ဝင်အောင် ကန်သွင်းထားခဲ့ပါတယ်။ မကြာသေးခင်က အင်တာဗျူးမှာ ပီယာနစ်က အသင်းဖော်ဟောင်း မက်ဆီရဲ့ ဖရီးကစ်ကန်ပုံကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပီယာနစ်က “ကျွန်တော် တစ်ဘဝလုံး တစ်ပတ်ကို ၂ကြိမ် တစ်နေ့ မိနစ်၂၀ကနေ ၃၀ကြား ဖရီးကစ်ကန် လေ့ကျင့်လေ့ရှိပါတယ်။ သူကတော့ ၁နှစ်မှာမှ ၁ခါ၊ ၂ခါလောက်ပဲ လေ့ကျင့်ပြီး ဖရီးကစ်ကန်နိုင်နေတာပါ”လို့ ပြောခဲ့ပါတယ်။

ပီယာနစ်ဟာ ဘာစီလိုနာကနေ ဘက်ဆစ်တက်ကို ၁ရာသီ အငှားနဲ့ ပြောင်းကစားနေပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပါတယ်။

#အာဂျင်တီးနား #မက်ဆီ #ပီယာနစ်